Chapter-6(မင်းနဲ့ သူငယ်ချင်းဖြစ်ချင်တယ်)

1.5K 334 28
                                    

Unicode ❤️❤️

မင်းနဲ့ သူငယ်ချင်းဖြစ်ချင်တယ်

နှစ်ယောက်လုံး ခြံဝင်းထဲမှ ထွက်လာကာ ကားထဲသို့ ဝင်လိုက်သည်။ ကားတံခါးအားပိတ်ပြီးနောက် ဟန်ဟောင်ယွမ် စိတ်မထိန်းနိုင်စွာ ရယ်မောလိုက်သည်။

"ဟဟ.. အကိုကျင်းရွှေ့ သူတို့နှစ်ယောက်ရဲ့မျက်နှာကို မြင်လိုက်လား? ရယ်စရာကောင်းလိုက်တာ"

ဟန်ဟောင်ယွမ် စကားမဆုံးခင်မှာတင် ကျင်းရွှေ့က သူ့အား ဖက်လိုက်သည်။

ညို့ဓာတ်အပြည့်ပါသော အသံတစ်ခုက သူ့နားထဲတွင် အသံမြည်နေသည်။
"ဟောင်ယွမ်.. ငိုလိုက်.. ငိုချင်သလောက်ငိုလောက်.. စိတ်ထဲ တင်းမထားပါနဲ့"

ဟန်ဟောင်ယွမ် ရယ်ရမလား ငိုရမလားတောင်မသိတော့ပဲ ကျင်းရွှေ့ရဲ့ လက်အား ပြန်ဖက်တွယ်ကာ
"အကိုကျင်းရွှေ့ ကျွန်တော် မနေ့ကပြောပြီးသားလေ.. သူ့လိုလူမျိုးအတွက် ပူဆွေးစရာမရိှဘူး... ဘာလို့ ကျွန်တော်က သူ့အတွက်ငိုရမှာလဲ"

ကျောက်ကျင်းရွှေ့ သူ့ရင်ခွင်ထဲကက လူအား လွှတ်ပေးကာ မျက်နှာအား ဂရုတစိုက်ကြည့်သည်။ ဟောင်ယွမ် မျက်နှာသည် ဝမ်းနည်းပူဆွေးခြင်း တစ်စုံတစ်ရာမှ မရိှမှန်းသိတဲ့အခါမှသာ စိတ်သက်သာရာရသွားရသည်။

ဟန်ဟောင်ယွမ်က လက်တစ်ဖက်ကို စတီယာဆိုင်ပေါ်တွင် ထောက်ထားကာကျန်တစ်ဖက်အား လက်ထောက်ကူရှင်(lover seat) ပေါ်သို့ ထောက်လိုက်ပြီး ကျင်းရွှေ့ရဲ့ နားနားသို့ကပ်ကာ အသက်ငွေ့ငွေ့ရှူလိုက်ပြီး စနောက်လိုက်သည်။

"အကိုကျင်းရွှေ့က ကျွန်တော့်အတွက် အဲ့လောက်တောင် စဉ်းစားပေးတာပဲလား??"

နားမှ ရိုက်ခတ်လာသော လေနွေးနွေးကို ကျင်းရွှေ့ ခံစားမိလာတာကြောင့် မျက်နှာအား လှည့်လိုက်သည့်အချိန်တွင် ဟန်ဟောင်ယွမ်၏ မျက်နှာနှင့် နီးကပ်နေသည်ကို တွေ့ရသည်။ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်မတတ်နှင့် မျက်နှာတစ်ခုလုံးနီရဲနေပြီး နားရွက်တွေလည်း ရဲတွတ်နေသည်။ထိုအချိန်တွင် ဟောင်ယွမ်မေးသော မေးခွန်းအား သူ ပြန်မဖြေဖြစ်ပေ။

မိမိစနောက်ခြင်းကို ခံနေရသည့်လူအားကြည့်ရင်း ဟောင်ယွမ် ပေါ့ပါးစွာ ပြုံးလိုက်ပြီး သူ့ကိုယ်သူပြောလိုက်သည်။

Rebirth;Han Strikes Back(ဟန် ပြန်လည်သိမ်းပိုက်ခြင်း)Where stories live. Discover now