《Zawgyi》
အခန်း (၇၉၅) : ပထမဆုံးအကြိမ် ဖခင်ဖြစ်ခြင်းထက် ပိုပျော်ရွှင်ရခြင်း။
ကိစ္စရပ်တွေသာ ဒီလိုဆက်ဖြစ်နေမယ်ဆိုလျင် တစ်နေ့ မင်ကျူ ပြဿနာရှာလာမည့် တစ်နေ့ရောက်ကို ရောက်လာမယ်ဆိုတာ အန်းယို သိနေလေသည်။ သူ မင်ကျူကို ချစ်ပြီး သူမကို အကောင်းဆုံးဆိုသော အရာများကိုသာ ပေးချင်သည်။ သို့သော် ဒီခန္ဓာကိုယ်အစုတ်ပလုတ်က ဘာတွေဖြစ်နေရတာလဲ? အရင်က ဒီလို မဟုတ်ပါဘူး။
အန်းယို သမားတော်အမြောက်အများကို ပြကာ ဆေးညွှန်းများစွာယူပြီး သောက်ပြီးသော်လည်း သူဘာဘဲစားစား ဘာဘဲသောက်သောက် အသုံးမဝင်ပေ။ သူက နာမည်ကြီးသမားတော်တွေရဲ့ ဆေးတွေကိုတောင်မှ သောက်ပြီး ယခုဆို သက်ရှိလမ်းလျောက်နေတဲ့ ဆေးအိုးကြီးကို ဖြစ်နေလေပြီ။ ဒါပေမဲ့ သူ့ရဲ့ ခံနိုင်ရည်အား လျော့နည်းတဲ့ ပြဿနာကတော့ မပျောက်သွားချေ။
နဉ်ရှူ တစ်ယောက် အန်းယို ပန်းကန်လုံးအကြီးကြီးတွေနဲ့ ဆေးတွေကို သောက်နေတာကို တိတ်တဆိတ်သာ ကြည့်နေလိုက်သည်။ အန်းယိုကာ တစ်နေ့တစ်နေ့ သူစားတာထက်ကို ပိုပြီးဆေးတွေကို သောက်နေပြီး သူ့မျက်နှာတစ်ခုလုံးကို ကြည့်ရတာ အစိမ်းရောင်သန်းနေလေသည်။
အပြင်ပန်းတွင်တော့ နဉ်ရှူက ကျက်သရေရှိပြီး သိမ်မွေ့နေသော်လည်း အတွင်းစိတ်ထဲတွင်တော့ သူမက မြေပြင်ပေါ်တွင် လူးလှိမ့်၍ပင် အူတက်အောင်ရီနေပြီဖြစ်သည်။
ယခုဆိုလျင် အန်းယိုက စာကြည့်ခန်းထဲတွင် မကြာခဏအိပ်လေ့ရှိကာ မင်ကျူက အသံတိတ်အမူအရာဖြင့် အပြစ်တင်နေသည်ကို တွေ့သောအခါ နဉ်ရှူ အေးစက်စွာသာ ပြုံးလိုက်သည်။
လက်ရှိအန်းယိုက ပြင်းပြင်းထန်ထန်ချစ်ပြီး ပြင်းပြင်းထန်ထန် လုပ်ဆောင်ရန် စွမ်းအားမရှိတော့ပေ။ ထို့ကြောင့် သူကို နာကျင်သာယာမှုတို့ဖြင့် မျက်ရည်ကျလာမိအောင်အထိ မပြုလုပ်နိုင်တော့ချေ။
ဟား...ဟား...ဟား။
နဉ်ရှူ သူမရဲ့ သာယာနေတဲ့ စိတ်အခြေအနေကို ဖော်ပြရန်အတွက် ပျင်းရိစွာ ခါးကျောဆန့်လိုက်ချင်သော်လည်း သူမရဲ့ ကျက်သရေရှိ ကျော့ရှင်းတဲ့ ပုံရိပ်ကို ပြန်တွေးလိုက်မိသောအခါ ထိုအကြံကို လက်လျော့လိုက်တော့သည်။
YOU ARE READING
You Are My Lord (Realm -12)
AdventureStory Name : quick transmigration cannon fodder record of counterattack (快穿之炮灰女配逆袭记) Author : 很是矫情 English translator : Butterfly's curse Realm 12 : You are my lord