Chapter-5

5.8K 835 30
                                    

《Zawgyi》


အခန်း(၇၅၅) : ဝေ့လင်းရှန်းရဲ့ ဆန္ဒက ဘာလဲ?

ဒီဇာတ်လမ်းကတော့ မိန်းမလှလေးကို ကယ်တင်တဲ့ သူရဲကောင်းတစ်ယောက် အကြောင်းဘဲဖြစ်သည်။ အန်းယိုက မင်းသမီး မင်ကျူအတွက်တော့ သူရဲကောင်းရောင်ဝါနှင့် တောက်ပနေသည်။

ပြီးတော့ သေချာတာပေါ့ အသက်ကယ်တဲ့ကျေးဇူးကို ခန္ဓာကိုယ်နဲ့ ပြန်ပေးဆပ်တယ်လေ။

နဉ်ရှု : ဟားဟား


သူမက တော်ဝင်မင်းသမီးဖြစ်နေတာတောင်မှ လူတွေကို ဒူးထောက်တောင်းပန်ဖို့အတွက် လွယ်လွယ်ဒူးထောက်ချတတ်သည်။ သူမက တော်ဝင်နန်းတော်မှာ ကျိန်းသေပေါက် နေရမှာကို ခေါင်းမာစွာနဲ့ လူတစ်ယောက်ရဲ့ အိမ်မှာဘဲအတင်းနေ နေပြီးတော့ သူမ စိတ်ကူးယဉ်ဆန်တဲ့ချစ်ခြင်းကြီးကို ခံစားနေစဉ်မှာ မင်းသားယန်ရဲ့ တရားဝင်အိမ်တော် ပြန်လည်တည်ထောင်ရေးဆိုတဲ့ အင်မတန်ကြီးလေးတဲ့ တာဝန်ကြီးကို ၇နှစ်တောင်မပြည့်သေးတဲ့ ကလေးငယ်လေးအား ပုံချထားလေသည်။

ပြီးတော့ သူမမှာ လူမှုအဆင့်အတန်းခွဲခြားမှု အသိမရှိတဲ့ အစေခံတောင်မှ ရှိလိုက်သေးသည်။

အချစ်အမည်ခံ ပြီးပြည့်စုံတဲ့ မိုက်မဲခြင်းလှိုင်းများမှ ဖြစ်ပေါ်လာတော့မယ့် တိုက်ခိုက်မှုများကို နဉ်ရှု ကြိုမြင်နေလေသည်။

သို့သော်လည်း နဂိုခန္ဓာပိုင်ရှင်ရဲ့ဆန္ဒကို မြင်တဲ့အခါမှသာ နဉ်ရှုကြေကွဲမိတော့သည်။ အဘယ့်ကြောင့်ဆိုသော် ဆန္ဒများကို ဤသို့ရေးထား၍ ဖြစ်သည်။

ဝေ့လင်းရှန်း၏ ဆန္ဒများ : ...

အဲ့ဒီ့မှာ ဘာအကြောင်းအရာမှ မဖော်ပြထားချေ။
'သောက်ကျိုးနည်း...နင်က ဘာတာဝန် ဘာဆန္ဒမှ မပြောထားတော့ ငါက နင့်အတွက် ဘယ်လို ပြန်ပြီး တိုက်ခိုက်ပေးရမှာလဲဟ?!'

နဉ်ရှု 2333ကို လှမ်းမေးလိုက်သည်။

"2333ရေ...ဘာဖြစ်သွားတာလဲ..ဝေ့လင်းရှန်းရဲ့ ဆန္ဒက ဘာလဲ"

"နဂိုခန္ဓာပိုင်ရှင်က လူတွေသူမကို ဘယ်ကနေဘယ်လို ပြန်ပြောရမှန်းမသိအောင်ကို မျိုးစုံအပြစ်တင်နေကြကတည်းက သူမ ဘာကို တောင်းဆိုသင့်လဲတောင် မသိရှာတော့ဘူး။ သူမက ယောက္ခမကိုလည်း ရိုသေတယ်..အိမ်တော်တစ်ခုလုံးကိုလည်း အန်းယို စစ်ထွက်နေချိန် သူစိတ်မပူရအောင် သေချာကိုင်တွယ် ပံ့ပိုးပေးတယ်။ သူမရဲ့ ကလေးနှစ်ယောက်ကိုလည်း အရမ်းချစ်ရှာတာ..ဒါပေမဲ့ ပြောဖို့တောင်မလိုပါဘူး နောက်ဆုံးတော့လည်း ဘာမှပြန်မရဘဲ အဆုံးသတ်သွားတာဘဲ။ သူမက ယောက္ခအပေါ် ဘယ်လောက်ဘဲကောင်းကောင်း ယောက္ခမကတော့ သူ့သားနဲ့ မြေးကိုဘဲ ဂရုစိုက်ပြီးတော့ မင်ကျူကို သူ့သားရဲ့ အငယ်အနှောင်းအဖြစ်နဲ့ လက်ခံခဲ့တယ်လေ..သူမရဲ့ယောက်ျားကတော့ အနှစ်၂၀လောက် နှစ်ဦးနှစ်ဖက် ချစ်ခြင်းတရားတွေနဲ့ အငယ်အနှောင်းမထားဘဲ နေလာခဲ့ပြီးမှ အခုကျတော့ သူအခုမှ အချစ်စစ်ကို ရှာတွေ့တာပါလို့ပြောတယ်။ အရာအားလုံးထက်အဆိုးဆုံးကတော့ သူ့ကလေး၂ယောက်လုံးက အငယ်အနှောင်းဘက်သာ လိုက်ကြတာဘဲ...သူမဆုတောင်းထားသမျှ အရာအားလုံး ဆုံးရှုံးထားရတဲ့ လူတစ်ယောက်က ဘာဆုတောင်းများရှိနိုင်ဦးမှာလဲ.. "

You Are My Lord (Realm -12)Where stories live. Discover now