Chapter-22

4.1K 706 59
                                    

《Zawgyi》


အခန်း(၇၇၂) : လိုအပ်သော မဟာမိတ်။

သူမက သူတစ်ပါးယောက်ျားကိုလည်း ခိုးသေးသည့်အပြင် တရားမျှတာမှုက သူမကို နောက်ကြောင်းပြန်လှည့်ခွင့်မပေးသဖြင့် အကူညီမဲ့နေသော ရိုးသားဖြးစင်သူလေး အမူအရာကိုလည်းဆောင်ထားသေးသည်။


'အန်းလင်ယွင်က ဘယ်ဟာမှန်တယ် ဘယ်ဟာမှားတယ် ဆိုတာ ဝေခွဲနိုင်စွမ်းမရှိဘူးလား?'


ဒါက တကယ်စိတ်တိုစရာကောင်းတာဘဲ! နဉ်ရှူ သူမရင်ဘတ်ကို ထုလိုက်သည်။ မှန်ပေသည်။ သင်ပိုပြီး ကြာကြာရှင်သန်လေ ပိုပြီးသိမြင်လာလေလေဖြစ်သည်။


"သခင်မ?"

ကျူအာက နဉ်ရှူကို စိုးရိမ်စွာ ကြည့်လိုက်သည်။

"သခင်မ အဆင်ပြေရဲ့လား?"

"ငါအဆင်ပြေပါတယ်..သခင်မကြီးကို သွားရှာကြရအောင်"

နဉ်ရှူ ချောင်းဆိုးလိုက်သည်။ သူမ သခင်မကြီးကို စကားပြောရန် လိုအပ်နေလေပြီ။

သူမလုပ်ရန်လိုသည့်အရာက စစ်သူကြီးအိမ်တော်ကို ဖျက်စီးပစ်ရန်မဟုတ်ဘဲ ကာကွယ်ရန်ဖြစ်သည်။ အိမ်တော်က မုန်တိုင်းကြားမှ လှေငယ်လေးကဲ့သို့ ယိမ်းထိုးနေနှင့်ပြီဖြစ်သည်။ သူမက ထိုလူနှစ်ယောက်ကို လက်စားချေရန်အတွက်နှင့်တော့ လှေတစ်စင်းလုံးကို မြှုပ်လိုက်၍ မဖြစ်ပေ။ စစ်သူကြီးအိမ်တော်က ဝေ့လင်းရှန်း၏ ဘဝပင်ဖြစ်သည်။

ထို့ကြောင့် သူမလုပ်ရမည်ကာ မဟာမိတ်ဖွဲ့ရန်ဖြစ်သည်။ ထို့အပြင် သခင်မကြီးက အားကောင်းသော မဟာမိတ်ဖြစ်သည်။

သခင်မကြီးက သူမခင်ပွန်းကို ဆုံးရှူံးခဲ့ပြီး မိသားစုတစ်ခုလုံးကို သူမဘာသာပံ့ပိုးပေးခဲ့သည်။ သူမက အန်းယိုကို ထူးချွန်သူဖြစ်အောင် ပျိုးထောင်ပေးပြီး ဝေ့လင်းရှန်းလိုမျိုး ကိုယ်ကျင့်သိက္ခာကောင်းမွန်သောဇနီးသည်မျိုးကိုပင် အန်းယိုအလုပ်လုပ်ရာတွင်ကို စိတ်ပါစွာနှင့် အိမ်အတွက်စိတ်မပူဘဲ လုပ်နိုင်ရန် ရှာပေးခဲ့သည်။


သခင်မကြီးက လူတွေရဲ့နှလုံးသားတွေကို လွှမ်းမိုးခြယ်လှယ်ရာတွင် ကျွမ်းကျင်လေသည်။ လွန်ခဲ့သည့်နှစ်များတွင် သူမက ဝေ့လင်းရှန်းနှင့် အငြင်းအခုန်ဖြစ်ခဲသည်။ ဝေ့လင်းရှန်း၏ နဂိုစိတ်ရင်းကောင်းပြီး ဝတ္တရားသိတတ်ခြင်းကြောင့်သာမက သခင်မကြီးက အန်းယိုနှင့် ဝေ့လင်းရှန်းအကြား ကိစ္စရပ်များကို ဘယ်တော့မှ ဝင်မစွက်ဖက်၍ဖြစ်သည်။


You Are My Lord (Realm -12)Where stories live. Discover now