Chapter 1

61.6K 2.7K 513
                                    

[ Unicode ]

   
2008 ခုနှစ် ဒီဇင်ဘာလ လေးရက်...

အချိန်အားဖြင့် ညခုနှစ်နာရီခန့်။

ပူတာအိုမြို့လေးရဲ့ အအေးဓာတ်က မေးရိုးခိုက်လောက်တဲ့အထိ ချမ်းတုန်မနေပေမဲ့ ဂွမ်းကပ်စောင်ထူထူအောက်မှာ ကွေးဖို့တော့ လုံလောက်နေပါသည်။ နှင်းရည်သဲ့သဲ့စွတ်နေတဲ့လမ်းမထက်မှာတော့ လူအသွားအလာကင်းရှင်းနေကာ ခွေးလေခွေးလွင့်တချို့သာ ကတ္တရာလမ်းမထက်ဝယ် အအေးဒဏ်အံတုနေကြသည်။

" ဒိုင်း! "

တိတ်ဆိတ်နေတဲ့ ညကြောင့် သေနတ်ဖောက်သံသည် လိုတာထက်ပိုပြီး ကျယ်လောင်စွာပင် ထွက်ပေါ်လာချေသည်။ သို့တိုင်အောင် တံခါးပိတ်၊ပြတင်းပိတ်လျက် မီးဓာတ် အနွေးဓာတ်သာလှုံကြသူတို့အဖို့ သာမာန်သစ်ကိုင်းကျိုးသံလောက်သာ အကြားရှိကြသည်။ ဘယ်သူမှလည်း ထွက်လို့ရယ် မစပ်စုကြ။ ဆေးခန်းမီးတိုင်ဝါကျင်ကျင်အောက် ခုံတစ်လုံးနဲ့ ထိုင်ငိုက်နေတဲ့ ကောင်လေးတစ်ယောက်ကလွဲရင်ပေါ့။

"ဘာသံလဲ"

နားနဲ့ဆတ်ဆတ်ကြားလိုက်ရတဲ့ အသံဟာ အနားတဝိုက်ကထွက်ပေါ်လာတာ ကျိန်းသေတပ်အပ်။ သွန်းသက်ငယ်တစ်ယောက် မှိတ်စဉ်းကျနေတဲ့ မျက်တောင်ရှည်ရှည်တို့ကို အားတင်းပင့်တင်လိုက်ကာ နားစွင့်လိုက်သည်။

"..."

တစ်ချက်တစ်ချက် ဖျောခနဲတိုက်လွင့်နေတဲ့ သစ်ရွက်တိုးသံကလွဲပြီး ဘာမှမကြားရ။ ဟုတ်ရော ဟုတ်ကြရဲ့လားလေ။ စောနက သေသေချာချာကို ကြားလိုက်ရပါတယ်။

"အာဝူးးးဝုတ် ဝုတ် ဝုတ်"

ခွေးနာခွေးပိန်တွေရဲ့ အုပ်စုလိုက်ထဟောင်သံကြောင့် ကြက်သီးတဖျန်းဖျန်းထသွားရသည်။ ဒီအချိန် ခွေးအူရင် နာနာဘာဝတွေကို မြင်လို့ဟု ဘဘလူကြီးတွေပြောတာ ကြားဖူး၏။  လက်ကလေးကို ကျုံ့ရင်း ဆေးခန်းထဲ တွန့်ဆုတ်တွန့်ဆုတ်ပြန်ဝင်ကာ လေးတောင့်ထိုးဓာတ်မီးကို သွားဆွဲယူထားလိုက်သည်။

မတော်လို့ နိုင်ငံခြားကားထဲကလို ဖုတ်တွေ၊ ဇွန်ဘီတွေများ လက်နှစ်ဖက်ဆန့်လျက် မျိုးတူအောင်ကိုက်ဖို့ ပြေးလာရင် ဓာတ်မီးနဲ့ မျက်လုံးတည့်တည့်ထိုးပြီး ခေါင်းထိပ်ကို ရိုက်သတ်ထုပစ်မည်။

အချစ်က ဒီလိုလေးခေါ်တယ် ဦးWhere stories live. Discover now