Chapter 4

17.9K 1.8K 367
                                    

[ Unicode ]

   
"Meeting က ဘယ်အချိန်လဲ"

"ဆယ်နာရီပါ သခင်"

"Flight ဆင်းချိန်ကရော"

ခွန်ရာမိုင်းက နာရီကို တစ်ချက်ကြည့်လိုက်သည်။ ပိုင်က Laptop ရှေ့မှာ အာရုံမပျက်စေလျက် အမေးပြုနေခြင်းဖြစ်သည်။ ခပ်ရှည်ရှည်လက်ချောင်းတို့က Keyboard ပေါ်ဝယ် အစီအစဉ်တကျ တတောက်တောက်ပြေးလွှားနေ၏။

"ဆယ်နာရီခွဲပါ"

အလုပ်လုပ်နေတဲ့ ပိုင်က မျက်မှောင်ကျုတ်ပြီး screen ကနေ အကြည့်ခွာလိုက်သည်။ အဝေးတစ်နေရာကို စူးစူးစိုက်စိုက်ကြည့်ကာ လက်နှစ်ဖက်ကို ယှက်သွယ်လိုက်၏။

"ဒီနေ့ Meeting ဖျက်လိုက်"

"ဒါပေမဲ့"

ဆက်ပြောမည့်စကားတို့သည် အေးတိအေးစက်ပုံစံကြောင့် သဘောပေါက်နားလည်စွာပင် တန့်သွားကြသည်။ ရန်ကုန်ပြန်ရောက်တဲ့နေ့ကတည်းက ပူတာအိုက ကလေးပေါက်စအကြောင်း မွေးနေ့ကအစ၊ ချော်လဲလို့ ဘယ်နားထိတာကအဆုံး စုံစမ်းဖို့ ခွန်ရာမိုင်းကို တာဝန်ပေးထားခြင်းဖြစ်သည်။ ဒီနေ့ ကျောင်းပြန်တက်ဖို့ ရန်ကုန်ကိုပြန်လာနေပြီဆိုတာကြောင့် မနက်ကတည်းက သခင် အလုပ်တွေဆက်တိုက်လုပ်နေခြင်းပင်။ သူထင်တာ မမှားဘူးဆိုရင် သခင်က...

"ရာမိုင်း"

"ဗျာ"

ဆုံလည်ထိုင်ခုံပေါ်ကနေ မတ်တပ်ထရပ်ကာ ကုတ်အင်္ကျီကို ထပ်ဝတ်လိုက်သည့် ပိုင်။ လက်ကြယ်သီးတပ်နေသည့်ပုံစံကပင် ကြည့်ကောင်းနေချေ၏။ ပြီးမှ စားပွဲခုံပေါ်က ကားသော့ကိုဆွဲယူလိုက်ရင်း..

"Meeting ကို မင်းတက်လိုက်ပါ၊ မင်းလည်း ကုမ္ပဏီရဲ့ director တစ်ယောက်ပဲလေ"

"တစ်ယောက်တည်း ကားမောင်းလို့ဖြစ်ပါ့မလား သခင်၊ လူခေါ်သွားပါ၊ ကျွန်တော် ကိုစိုးဝင်းကိုလွှတ်လိုက်မယ်"

"ငါတစ်ယောက်တည်း သွားချင်တယ် ရာမိုင်း"

စိတ်ပူနေသည့် ခွန်ရာမိုင်းကို အခန်းဝရောက်နေပြီဖြစ်တဲ့ ပိုင်က အဆင်ပြေသည့်သဘော ခေါင်းကိုငြိမ့်ပြသည်။ ထို့နောက် ပြန်စကားကိုမ​စောင့်၊ သွက်လက်တဲ့ခြေလှမ်းတချို့နဲ့ elevator ကနေ မြေညီထပ် Car parking ဆီ ဆင်းသွားတော့၏။

အချစ်က ဒီလိုလေးခေါ်တယ် ဦးWhere stories live. Discover now