Chapter 11

12.4K 1.3K 330
                                    


[ Unicode ]

   
ဆေး၁ ကျောင်းဝင်းအတွင်း လျှောက်လမ်းပေါ်ဝယ်ဖြစ်သည်။ အတန်းချိန်ပြီးတာနဲ့ သွန်း တို့ သူငယ်ချင်းလေးယောက် အိမ်ပြန်ဖို့ စိုင်းပြင်းကြတော့၏။ အိမ်ကို တန်းပြန်ရမှာတော့မဟုတ်။ နဒီနဲ့ဇလပ်ကတော့ ဇလပ်အဒေါ်စာသင်ဝိုင်းဆီသွားရမှာဖြစ်သလို သွန်းကလည်း ကျူရှင်ဆီသွားရဉီးမည်သာ။ ဖြိုးသူရတစ်ကောင်သာ ကျောင်းဆင်းလိုက် သူ့လင်တိုက်ခန်းအလည်သွားလိုက်နဲ့ သာယာနေခြင်းပင်။

သွန်းနဲ့အတူတူ ကျူရှင်ယူပါဆိုတော့လည်း မယူ။ ခုချိန် သာယာ​နေသလောက် စာမေးပွဲနီးရင် ရှိသမျှဘုရားရော နတ်ပါမချန်် နားအေးသက်သာမနေရဘဲ ဖင်ဘူးတောင်းထောင်ဆုတောင်းကာ ဖြေရတော့မည်ဆိုမှ မရသမျှစာတွေကို ကုန်းအော်တော့မည်မုချ။

ဒီကြားထဲ ဗေဒင်ဆရာဆီသွားပြီး စာမေးပွဲ ကျမလားအောင်မလား  မေးတာက ရှိသေးသည်။ သူစာရရင်အောင်မယ်၊ မဖြေနိုင်ရင်ကျမယ် ရှင်းနေတာကို ဗေဒင်ဆရာက သူ့ကိုယ်စောင့်နတ်လည်းမဟုတ်ဘဲနဲ့ ပိုက်ဆံပေါတိုင်း လျှောက်မေးနေတာ။

ဗေဒင်တွေကို မယုံပါနဲ့ပြောလည်းမရ။ တစ်ခါက သူ့ကို " ကံနိမ့်နေတယ်၊ စာမေးပွဲကျနိုင်ချေရှိတယ်" ပြောတဲ့ ဗေဒင်ဆရာတစ်ယောက်ကြုံဖူးသည်။ အဲ့တုန်းက ဖြိုးသူရမှာ တငိုငိုတရယ်ရယ်နဲ့ သရဲသဘက်ဝင်စီးနေတဲ့အတိုင်း။ အလကား။ ဒီကောင် မဖြေနိုင်ဘူးသာပါးစပ်ကလျှောက်ပြောနေတာ ထွက်လာတဲ့အမှတ်တွေက သွန်းတို့ထက် အမြဲတမ်းတစ်ပန်းသာ။ ဒါကြောင့် အဖက်လုပ်ပြီး ဘယ်သူမှ မချော့။

စာမေးပွဲကြီးပြီးလို့ ရဇက်(result)ထွက်လာရင် ဖြိုးသူရ ဗေဒင်မှားကိုအယုံအကြည်မရှိလောက်တော့ဘူး တွေးကာ သွန်းတို့နဒီတို့ကတော့ ပျော်သည်ပေါ့။ ပြီးတော့ တကယ်တမ်းလည်းကျရော ရယ်ရမလိုငိုရမလိုဖြစ်တာက သွန်းတို့သာ။

စာမေးပွဲအမှတ်ထွက်လာလျှင်ချင်း ထိုစာရွက်ကိုတစ်ချက်ကြည့်ကာ ဘာပြောသည်မှတ်လဲ။

"အော် ဆရာ့ယတြာလေး ကယ်ပေလို့ပေါ့"တဲ့။

မလွယ် မလွယ်။ ကောင်းစည်သူမင်းတစ်ယောက် ဒီပေတိပေစုတ်အိုးနင်းခွက်နင်းကောင်ကို ဘာကြည့်ကြိုက်တယ်ရယ်မသိ။

အချစ်က ဒီလိုလေးခေါ်တယ် ဦးWhere stories live. Discover now