Chapter 12

11.5K 1.1K 380
                                    

[ Unicode ]

   
"ကိုလင်းက တော်လိုက်တာနော်၊ 27 နှစ်အရွယ်မှာတောင် ဆေးရုံတစ်ခုပိုင်နေပြီဆိုတော့"

"အာ..အဲ့လောက်လည်းမဟုတ်ပါဘူးဗျ၊ ကျွန်တော်က လုပ်အားပဲစိုက်ရတာလေ၊ အရင်းအနှီးက ဖေဖေထုတ်ပေးတာဆိုတော့"

"ဘယ်လိုနေနေ ကိုလင်းသာမတော်ရင် လင်းတစ်ရာဆေးရုံဆိုတာ ဖြစ်လာမှာကိုမဟုတ်ဘူးလေ၊မခ,ကတော့ ကိုလင်းကို သိပ်အားကျတာ"

မြှောက်ပင့်မခံလိုလို့မှ အနေရခက်စွာ ကွေ့ရှောင်ပြောနေသည်ကို ဒီလမ်းကြောင်းပေါ်ပဲ ပြန်ပြန်ခေါ်နေသည့် အလိုက်မသိတဲ့ လွန်းမခကြောင့် စိတ်ထဲမှာအတော်လေးရှုပ်သွားပေမဲ့ အားတုံ့အားနာသာ ပြုံးပြလိုက်ရသည်။ ရောက်ကတည်းက တောင်စဉ်မရ စကားတွေတတွတ်တွတ်ပြောကာ သူ့ကိုယ်သူ မခ,လို့ အဖျားဆွတ်သုံးတတ်သည့် ဤမိန်းကလေးငယ်ကို လင်း လုံးလုံးမှကြည့်မရတော့။ ကော်ဖီကို ငုံ့သောက်နေစဉ်...

"ကိုလင်းက ရန်ကုန်ကိုရောက်တာကြာပြီလား"

"ဟုတ်ကဲ့ ကြာပြီဗျ၊ ကျောင်းပြီးကတည်းကဆိုပါတော့"

"တီစိုးပြောတာတော့ သူငယ်ချင်းတစ်ယောက်နဲ့ အိမ်ငှားနေတယ်ဆို"

သူ့ရှေ့က ကိတ်ကို အလကားနေရင်း ခက်ရင်းနဲ့ဖဲ့ထိုးဆွကာ စားစရာရှိတာ မစား။ ထိုအစား လေသေနတ်တွေသာ ဇွတ်ပစ်နေသည်။ မေမေ တစ်ယောက်ကလည်း ဘာတွေပြောထားသည်မသိ။ လွန်းမခပြောနေသည်ကို အကဲခတ်ကြည့်မိသလောက် သူစုံစမ်းပြီးသားအကြောင်းအရာတွေကို မှန်မမှန် ပြန်အတည်ပြုနေသလို အသွင်နဲ့ဖြစ်သည်။

"ဟုတ်တယ် ကျွန်တော့်သူငယ်ချင်းဆိုတာထက် မိသားစုလိုလူမျိုးပါ အဟွန်း.. မိသားစုထက်တောင် ပိုတယ်ပြောရမှာပဲ"

ခေါင်းတညိတ်ညိတ်လုပ်ရင်း chocolate cake တစ်ဇွန်းကို ပါးစပ်သေးသေးဟပြီး အသာစားသည်။ ခရင်မ်ပေနေတဲ့ သူ့နှုတ်ခမ်းကို တစ်ရှူးစနဲ့သုတ်ရင်း...

"သွေးမတော်တဲ့လူတွေဆိုတာက သူစိမ်းတွေပါပဲ ကိုလင်းရယ်၊ သံယောဇဉ်အများကြီးတွယ်မထားတာ ကိုလင်းအတွက်ပိုအဆင်ပြေမှာပေါ့၊ သူက ကိုလင်းဘေးမှာ အမြဲတမ်းရှိမပေးနိုင်ဘူးလေ"

အချစ်က ဒီလိုလေးခေါ်တယ် ဦးWhere stories live. Discover now