Unicode
"ဘာ တွဲရမယ်ဟုတ်လား"
"အင်းဟုတ်တယ်"
"မဖြစ်နိုင်တာတွေပြောမနေနဲ့ အဲ့လိုလုပ်မှအလုပ်ရမယ်ဆို သေတောင်လုပ်မှာမဟုတ်ဘူး ခင်ဗျားအလုပ်မပေးလည်း အလုပ်လုပ်လို့ရတဲ့နေရာတွေမှတစ်ပုံကြီးပဲ"
"အင်းပါ မဖြစ်နိုင်တာတွေမပြောတော့ဘူးနော် အလုပ်တော့ကိုယ့်ဆီမှာပဲလုပ် ဟုတ်ပြီလား"
"ခင်ဗျားလည်းစိတ်မမှန်ဘူးထင်တယ်"
ပါးစပ်ထဲကိုဖက်ထုပ်တွေပြည့်အောင်ထည့်ဝါးရင်းပြောနေလေရဲ့ နှုတ်ခမ်းမှာလည်းဖက်ထုပ်ကအရည်လေးတွေစီးကျနေတာကြောင့် Off အမြင်မှာတော့ Gun ကတစ်ကယ်အသည်းယားစရာကောင်းနေတယ်
အဲ့ဒါကြောင့်ထင်ပါရဲ့ လူကြီးကိုမလေးမစားတွေပြောနေတာတောင် ဘယ်လိုမှဒေါသမထွက်နိုင်တာ"ဘာလို့လဲ"
"ကိုယ့်ကိုကိုယ် ကိုယ်လို့ပြောလိုက် ဦးလို့ပြောလိုက် ငါလို့ပြောလိုက်နဲ့ စိတ်မမှန်တာမဟုတ်ဘူးလား"
"ဟားဟား Gun ကဘယ်လိုပြောတာကြိုက်လဲ"
"ဘယ်လိုပြောပြောကိစ္စမရှိပါဘူး စိတ်ထဲတောင်မရှိတာမို့လို့"
ပါးစပ်ထဲမှာဖက်ထုပ်တွေပြည့်နေတာကြောင့် Gun ရဲ့နှုတ်ခမ်းထူထူလေးကရှေ့ကိုသိသိသာသာထော်ထွက်နေတယ်
အနားကိုတိုးကပ်လိုက်ရင်းသူ့ရဲ့နှုတ်ခမ်းလေးကို"ပြွတ်"နဲအသံထွက်အောင်ဆွဲနမ်းလိုက်တော့မျက်မှောင်ကြုတ်ပြီးပြန်ကြည့်နေလေရဲ့
ဒီလိုလေးကျတော့တစ်ကယ်ပဲဖြူစင်တဲ့ကလေးလေးတစ်ယောက်လိုပဲ အမြဲအဲ့လိုလေးဖြစ်နေစေချင်မိတယ်"ခင်ဗျားနမ်းချင်တိုင်းနမ်းလို့ရတယ်များထင်နေလား"
"ထင်တာပေါ့"
ချက်ချင်းဆိုသလိုဒိုင်းခနဲကျရောက်လာတဲ့မျက်စောင်းတွေကိုတော့မရှောင်မိတော့ပါဘူး အရမ်းချစ်ဖို့ကောင်းနေတာပဲကို
"ဒါနဲ့ဆိုင်ကဒီတိုင်းထားခဲ့တာလား"
"နေ့လည်တည်းကအလုပ်ကိစ္စရှိလို့ပိတ်ထားတာ
ဒီည Gun နဲ့အတူအိပ်လို့ရမလား"
![](https://img.wattpad.com/cover/249312205-288-k461365.jpg)
YOU ARE READING
Sex At 7/11 (completed)
Fanfiction(Unicode+Zawgyi) Smut everywhere!!! Big Warning❗️ Many mature contents are contain in this FanFiction OffJumpol And GunAtthaphan Love story of Man and Boy💚 7/11 ဆိုတာ Convenience store တွေကိုခေါ်တာပါ ဒါဆိုOffနဲ့Gunရဲ့Storeမှာဖြစ်မယ့်ဇာတ်လမ်းလေးကရေ...