Unicode
Gun တစ်ယောက် စိတ်ပူပြီးသာ အိမ်ကနေအလောတကြီးထွက်လာမိတာ
Off ဘယ်ဆေးရုံမှာလဲဆိုတာလည်းမသိသလို ဘယ်ကိုသွားနေမိမှန်းပင်မသိ*fuck ဟုတ်သားပဲ ငါမှဆေးရုံမသိတာ*
ဆဲလို့သာသေမယ်ဆိုရင် Atthaphan လိုလူမျိုးက ထိပ်ဆုံးကပါမှာ
Offရဲ့ဆိုင်ရှိတဲ့ရပ်ကွက်နဲ့အနီးဆုံးကပုဂ္ဂလိကဆေးရုံတစ်ခုကိုသာသွားဖို့ဆုံးဖြတ်လိုက်ရင်းဆိုင်ကယ်ကိုကွေ့ကာမြန်မြန်လေးမောင်းလာလိုက်တယ်
Counter မှာလူနာစာရင်းကြည့်ပေးဖို့ကိုပြောတော့ စိတ်ကမရှည်ချင်တော့ Nurse ဝတ်စုံနဲ့ထိုမိန်းကလေးပုံစံကနှေးတိနှေးတုံ့နဲ့ သူနာပြုတစ်ယောက်သာမဟုတ်ရင်ဖြတ်ရိုက်ပြီးကိုယ်တိုင်ဆွဲယူပြီးကြည့်လိုက်ချင်ပေမယ့်
စိတ်ကိုမနည်းထိန်းနေရတာသိပ်တော့မလွယ်လှ"Off Jumpol နော် ဟုတ်လား"
"ဟုတ်ပါတယ်ဆို Off Jumpol Adulkittiporn ရပြီလား သေချာနားထောင် Off Jumpol Adulkittiporn နောက်တစ်ခေါက်ထပ်ပြောရဦးမလား"
"ရပြီ ရပြီ"
စိတ်မရှည်တာကြောင့်အသံကပိုကျယ်လာလို့အနားကလူတွေကွက်ကြည့်ကွက်ကြည့်လုပ်တော့မှထိုငနဲမကလက်ကာပြကာတားတယ်
ဒါနဲ့ဆိုမေးနေတာသုံးကြိမ်မြောက်ဖြစ်သွားပြီ
စာရွက်ကိုဟိုလှန်လိုက်ဒီလှန်လိုက်နဲ့မပြီးနိုင်တော့ဘူး
သေမယ့်လူသာဆိုဒီနေရာတင်စျာပနလုပ်လို့ရနေပြီ
ပိုက်ဆံမက်တဲ့ဆေးရုံတွေအဲ့ဒါကြောင့်မုန်းတာ
စာရွက်တစ်ခါလှန်လိုက်လူကိုအကဲခတ်သလိုကြည့်လိုက်လုပ်နေပုံကရိုက်ပေါက်ချည်း"ဒီဆေးရုံမှာတော့အဲ့ဒီနာမည်နဲ့လူနာမရှိပါဘူးရှင့်"
*fuckin' shit မရှိတာကို အဲ့လောက်သောက်ကြောရှည်နေဖို့လိုလို့လား*
ဖုန်းထုတ်ကာအဖေ့ဆီကိုခေါ်ကြည့်လိုက်တော့
သုံးခါတိတိတောင်ဖုန်းမကိုင်တာကြောင့်လူကစိတ်နည်းနည်းရှုပ်နေမိပြီ နဂိုတည်းကစိတ်မရှည်တတ်တဲ့လူလည်းဖြစ်တဲ့အပြင် အခုဟာကစိုးရိမ်စိတ်တွေလည်းစွက်နေသေးတယ်မဟုတ်လား
ဒေါသတွေကိုမောင်းလာတဲ့ဆိုင်ကယ်အပေါ်ပုံချကာ Leverကိုခပ်ကြမ်းကြမ်းဆွဲရင်းအရှိန်တင်ပစ်လိုက်တယ်

YOU ARE READING
Sex At 7/11 (completed)
Fanfic(Unicode+Zawgyi) Smut everywhere!!! Big Warning❗️ Many mature contents are contain in this FanFiction OffJumpol And GunAtthaphan Love story of Man and Boy💚 7/11 ဆိုတာ Convenience store တွေကိုခေါ်တာပါ ဒါဆိုOffနဲ့Gunရဲ့Storeမှာဖြစ်မယ့်ဇာတ်လမ်းလေးကရေ...