Unicode
"Gun Atthaphan ရုံးခန်းထဲကိုလာခဲ့"
ကျောင်းရောက်တာနဲ့ကျောပိုးအိတ်ကိုခုံပေါ်ပစ်တင်ကာအိပ်မယ်လုပ်တော့အတန်းရှေ့ကထွက်လာတဲ့အသံကြောင့်စိတ်ညစ်သွားရပြန်သည်
သေချာတာကတော့မနေ့ကရန်ဖြစ်တဲ့ကိစ္စပဲ
ပြီးရင်လည်းအဖေ့ကိုခေါ်ခဲ့ဖို့ပြောဦးမယ်
မသိတာလည်းမဟုတ်ဘဲနဲ့ခဏခဏခေါ်ခိုင်းနေတာမျို့စိတ်ညစ်မိတာတော့အမှန်"ရောက်ပြီ"
"မနေ့ကသူတို့ကိုဘာလို့ရိုက်တာလဲ"
ဘေးမှာမျက်နှာရှစ်ခေါက်ချိုးနဲ့ထိုင်နေတဲ့သုံးကောင်ရဲ့မျက်နှာတွေကြည့်ရတာရောင်ဖောင်းနေပြီးတစ်ကယ်ကိုရယ်ချင်စရာ
ဟုတ်တော့လည်းဟုတ်တာပဲလေကိုယ်ကဘာအကြောင်းမှမရှိဘဲဝင်ရိုက်ခဲ့တာကို
သူတို့ဘက်ကသုံးယောက်တစ်ယောက်တောင်ခံရတာညံ့လို့ပေါ့"ရိုက်ချင်လို့"
"ဘာ....နင့်ကိုဘယ်လိုမှဆုံးမလို့မရတော့ဘူးလား
မိဘကဂုဏ်ရှိပြီးကောင်းသလောက် နင်ကဒီလိုပုံစံပဲနေနေတော့မှာလား
စာကလည်းလိုက်မလုပ် ဒီနှစ်လည်းအကျခံတော့မှာလား"*ဒေါက်*
စကားနဲ့အတူခေါင်းပေါ်ကိုရောက်လာတဲ့လက်ဆစ်ကြောင့်ပူထူသွားတာနဲ့ ဒေါသကလည်းထောင်းခနဲ
"လက်မပါပါနဲ့ ခေါင်းဆိုတာကျောင်းသားအတွက်အရေးကြီးတယ်လေ ကျွန်တော်စာမေးပွဲကျတာဆရာမတို့ကြောင့်"
"အော် နင်ကသူများခေါင်းကိုကွဲအောင်ရိုက်တော့ကျကောင်းတယ်ပေါ့ဟုတ်လား သေနာလေး နင့်အဖေကိုခေါ်မှရတော့မယ်"
"လာမယ်ထင်ရင်ခေါ်ပေါ့"
"အေးခေါ်ထားတယ် နောက်လထဲပြန်ရောက်မှာဆိုတော့ နင်တော့သေဖို့ပြင်ထား အခုတော့ကျောင်းနားရမယ်"
"ဘာ!! အဖေပြန်လာမှာဟုတ်လား"
"မနက်ကနင့်အကြောင်းဖုန်းဆက်တိုင်တော့နောက်လထဲပြန်လာမယ်ပြောတယ် လကုန်တော့မှာဆိုတော့သိပ်မလိုတော့ဘူး ရန်ဖြစ်တာကြောင့်ကိုယ်တိုင် ခံဝန်ထိုးပြီးကျောင်းတစ်ပတ်နား
ပြီးတော့ဒီမှာအဖြေလွှာ ကိုယ်ဘယ်ဟာကျလဲဆိုတာသေချာကြည့် တစ်နှစ်လည်းမဟုတ် နှစ်နှစ်လည်းမဟုတ် ဒီဘာသာပဲကျနေတာ
လပတ်တိုင်းလည်းကျနေတာ ကျလို့ကိုမပြီးတော့ဘူး"
YOU ARE READING
Sex At 7/11 (completed)
Fanfiction(Unicode+Zawgyi) Smut everywhere!!! Big Warning❗️ Many mature contents are contain in this FanFiction OffJumpol And GunAtthaphan Love story of Man and Boy💚 7/11 ဆိုတာ Convenience store တွေကိုခေါ်တာပါ ဒါဆိုOffနဲ့Gunရဲ့Storeမှာဖြစ်မယ့်ဇာတ်လမ်းလေးကရေ...