Unicode
Flash back
"ကျွန်တော်ကဆရာတစ်ယောက်အနေနဲ့တာဝန်ရှိတယ်ထင်လို့ပြောတာပါ ပြီးတော့ကလေးရဲ့ရှေ့ရေးနဲ့ သူကတစ်ကယ်လို့အဲ့လိုမျိုးစိတ်ဝင်စားနေရင်တောင်ပြဿနာမရှိပေမယ့် တစ်ကယ်လို့သာ ရောဂါတွေဘာတွေကူးစက်တာမျိုးရှိလာခဲ့ရင်...အခုတစ်လောအဲ့လိုမျိုးတွေကအရမ်းပြန့်နေတယ်မဟုတ်လား"
"ဆရာရယ် ကျွန်မလေ သားလေးကိုဘယ်လိုတားရမလဲဟင်"
ငိုယိုပြီးပြောလာတဲ့မိခင်ကိုနားလည်မိသည်
သားတစ်ယောက်ဒီလိုဖြစ်နေတာလက်ခံဖို့ခက်ခံမှာပဲလေ
ပြီးတော့ပြောမရဆိုမရခပ်ဆိုးဆိုးကလေးတစ်ယောက်ဖြစ်နေတာကပိုလို့ဆိုးတော့သည်
ကိုယ်တိုင်ကယောက်ျားလေးတစ်ယောက်ကိုချစ်သူတော်ထားတဲ့သူမို့ပိုလို့နားလည်နိုင်သည်
ယောက်ျားချင်းချစ်တာအပြစ်လို့မဆိုသာပေမယ့်လည်း
တွေ့တဲ့ယောက်ျားနဲ့ဆက်ဆံနေတာမျိုးကတော့မဟုတ်သေးတာကြောင့်မိဘတွေကိုအသိပေးရခြင်းသာ
တစ်ကယ်တမ်းဆိုကိုယ့်ကိစ္စမဟုတ်ဘူးလို့ထားလိုက်လို့ရပေမယ့်လည်း မိဘတွေနဲ့ရင်းနှီးနေတာရော guide သင်ပေးနေတဲ့တစ်ဦးတည်းသောကလေးဖြစ်တာရော သံယောဇဥ်တွယ်နေတာရော ကိုယ်တိုင်က gay တစ်ယောက်ဖြစ်နေတာကြောင့်ပါ ကိုယ်ချင်းစာပြီးစေတနာပိုမိခြင်းသာ"ကျွန်တော်လည်း Nut ကိုပြောကြည့်ပါဦးမယ် P'Chan ကိုတော့အသိမပေးသေးတာပိုကောင်းလိမ့်မယ်"
စကားဆုံးတော့သက်ပြင်းကိုသာစိတ်ရှိလက်ရှိချမိတော့သည်
ဒါတောင် P'Chan မသိသေးလို့
သိများသိသွားရင် Nut တစ်ယောက်အသတ်ခံရမလားပဲ
ကျောင်းမှာကျန်းမာရေးစစ်ဆေးပေးတုန်းက Nut သွေးက မသင်္ကာစရာဖြစ်နေလို့ဓာတ်ခွဲခန်းပို့လိုက်ရတာကိုတော့ပြောမထွက်ခဲ့ မိဘတွေအရမ်းကိုခံစားသွားရမှာ"ဒါဆိုကျွန်တော်လည်းပြန်လိုက်ပါဦးမယ် Nut ကိုဒီရက်ပိုင်း guide သင်ဖို့မလွှတ်ပါနဲ့ဦးနော် ကျွန်တော်ကအိမ်ခဏပြန်ဖို့အတွက်ကျောင်းကိုရောခွင့်ယူထားလို့ပါ ပြန်ရောက်ရင်အကြောင်းပြန်ပါ့မယ်"
"ဟုတ်ကဲ့ပါဆရာရယ် ကျေးဇူးတင်ပါတယ်နော်"
"ဟုတ်ရပါတယ် လိုက်မပို့ပါနဲ့တော့"
![](https://img.wattpad.com/cover/249312205-288-k461365.jpg)
YOU ARE READING
Sex At 7/11 (completed)
Fiksi Penggemar(Unicode+Zawgyi) Smut everywhere!!! Big Warning❗️ Many mature contents are contain in this FanFiction OffJumpol And GunAtthaphan Love story of Man and Boy💚 7/11 ဆိုတာ Convenience store တွေကိုခေါ်တာပါ ဒါဆိုOffနဲ့Gunရဲ့Storeမှာဖြစ်မယ့်ဇာတ်လမ်းလေးကရေ...