Uni
"ဆက်!"
"....."" ဆက်! !"
"...."
ကန်တင်းမှာထိုင်တော့ မီနူး ငုံ့ကြည့်နေရင်း ဘာမှာမလဲ မေးမလို့ခေါ်နေတာကို ဘာမှပြန်မဖြေသောကြောင့် ခေါင်းမော့ကြည့်လိုက်တော့ ကိုယ့်ကိုစိုက်ကြည့်နေတဲ့ဆက်" ဆက်!! ဘာကြည့်နေတာလဲ ငါ့ကို "
" ချစ်ဖို့ကောင်းလို့ ""ဟမ်!!!"
" ဟို.....ဟို နောက်ကကောင်မလေး ချစ်ဖို့ကောင်းလို့ကြည့်
နေတာ မင်းကလည်းဘာဖြစ်နေတာလဲ "" ဘာမှတော့ မဖြစ်ပါဘူး မင်းကြောင်တောင်ကြီး များသေနေ
ပြီလားလို့ မေးကြည့်တာ "" သေစရာလားကွ မင်းကလည်း မိန်းမတောင်မရသေးဘူး"
" အေးပါ! အေးပါ!! အေးပါ!!!"Next Day „„„
" ဆက်! "
"...."
" ဆက်!!!"" ဟေ! အေး..အေး ပြောလေ ကောင်း"
" မင်းငါ့ကိုကြည့်နေပြန်ပြီလားဆက် မေးနေတာကိုမဖြေပြန်ဘူး ငုတ်တုတ်သေနေသလိုပဲ "
" မဟုတ်ပါဘူးကွ ဟို...ဟိုလေ အော်..မင်းအနောက်က ကောင်မလေး ချောလို့ ကြည့်နေတာပါကွ မင်းကလည်း "
" အော်...ငါ့ကိုကြည့်နေတာမဟုတ်ပြန်ဘူးပေါ့ "
"မ..မ...မဟုတ်ဘူး"" အေးပါ "
Next day „„
Next day „„
.
.
.
ကျောင်းတက်တာ 2 ပတ်ရှိပြီ ဆက်နဲ့လည်းတော်တော်လေးခင်မင်နေပြီဖြစ်သည် ။ ဆက်ရဲ့သူငယ်ချင်း ဝေယံနဲ့ ခန့်မင်းကလည်း တော်တော်ခင်ဖို့ကောင်းလေသည် ။သူတို့ကတစ်ခန်း ဆက်နဲ့ ကောင်းက တစ်ခန်းမို့ ဆက်နဲ့နှစ်ယောက်ထဲ ကန်တင်းကို အရင်ထိုင်ရပြီး သူတို့ ကအတန်းပြီးမှရောက်လာသည်။
ကျောင်းစတက်တဲ့ နေ့ကတည်းက ဆက်က လူကိုတစ်ခါတစ်လေစိုက်ကြည့်တတ်သည် ။ ကန်တင်းထိုင်တိုင်းလည်း ကောင်မလေးတွေကို ငမ်းတတ်သည်။ သူ့ကြည့်ရတာ ရည်စားရှိပုံလဲမပေါ်ပေ ။
" ဆက်!!!!"
" မင်းဟာကလည်း ဖြည်းဖြည်းခေါ်ပါကောင်းရာ "" မင်းကို ငါကြည့်နေတာကြာပြီ တစ်နေ့တစ်ယောက် မရိုးနိုင်အောင်ကြည့်တယ် ဘာလဲအခုလဲ ငါ့နောက်က ကောင်မလေးက ချစ်ဖို့ကောင်းပြန်ပြီလား "
YOU ARE READING
Never next Love you 💔