Uni
" ဆက်! ဘာစားမလဲ "
"ငါ ပသျူ းစားမယ် ကောင်း"" ညီလေး ပသျူ းတစ်ပွဲရယ် လက္ဖက်ထမင်းဘွိ ုင့် တစ်ပွဲရယ် ပြီးတော့ သောက်ရေသန့် နှစ်ဗူးရယ် ချပေးနော် "
Boy - ဟုတ်ကဲ့အကို
" မင်း ငေးနေပြန်ပြီနော်ဆက် ဘယ်တစ်ယောက်လဲ "
" အော်...အဲ ဟို...ဟိုတစ်ယောက် ထီးအပြာလေးနဲ့တစ်ယောက် လေ တွေ့လား "
" အော်...ချယ်ရီ လား "
" ဟမ်!! မင်း..မင်းက သူ့..သူ့ကိုသိလို့လား "" အင်း..သိတယ် သူ့နာမ်မည်က ချယ်ရီမေတဲ့ သမိုင်းမေဂျာကလေ သူကလှတယ် Queen selection ထဲ ပါမှာမလွဲဘူး "
" အယ်...အင်း ဟုတ်..ဟုတ်တယ် တော်တော်လေးလှတယ်"
မိတ်ကပ်အဖွေးသား နှုတ်ခမ်းနီရဲရဲနဲ့ အမျိုးသမီးကို လှတယ်တဲ့လား ကောင်း ။ မင်းရဲ့ ခြေဖျားတောင်မမှီတဲ့အလှကို မင်းပါးစပ်က လှတယ်လို့ချီးကျူ းနေတာ မတန်လိုက်တာ...
" နောက်မှ မင်းကိုမိတ်ဆက်ပေးမယ် "
" ဟမ်!!!!"" မင်းကြိုက်တယ်မို့လား မင်းလည်း ခြေငြိမ်သင့်ပြီထင်လို့ "
" ရ..ရပါတယ်ကောင်းရဲ့ "" မရပါဘူး... နောက်နေ့မှ မင်းကိုအရောက်ပို့ပေးမယ်"
" အေး..အေးပါ ဟိုမှာ စားစရာတွေလာပြီ "" အင်း "
မင်းကလည်း ငါအခင်ရဆုံး သူငယ်ချင်း သူမကလည်း ငါ့သူငယ်ချင်းမိန်းကလေး ပြီးတော့ မင်းတို့နှစ်ယောက်က လိုက်ဖက်တယ်လို့ငါမြင်တယ် ။ငါ့ရင်ထဲက ခံစားချက်ကြီးကို ဒီလောက်နဲ့ပဲ ရပ်တန့်လိုက်ပဲရစေ ဆက် ။ အကယ်၍ မင်းဘက်ကသာ ငါ့လိုမျိုးပဲဆိုရင်တော့ ငါရူးရူးမိုက်မိုက်နဲ့ ရှေ့ဆက်တိုးမိမှာ ။ ဒါပေမဲ့...ဒါပေမဲ့ မင်းက မိန်းကလေးတွေကိုမှ စိတ်ဝင်စားတာလေ ။
မကောင်းကျောင်းပို့လုပ်တာ မဟုတ်ပေမဲ့ မင်းနဲ့ငါက မဖြစ်
နိုင်လို့ ငါ့ဘက်ကနောက်ဆုတ်လိုက်ခြင်းမျိုးပါ ။" ကောင်း ! မင်းကစာပဲ လုပ်နေတော့မှာလား "
" ကျောင်းလာတာ စာလုပ်ဖို့လေဆက်ရယ် ကျောင်းမှာ စာမလုပ်ဘဲငါက ဘာလုပ်ရမှာလဲ "
YOU ARE READING
Never next Love you 💔