Uni
~ Ring Ring ~" ဟာကွာ လာပြန်ပြီ ဟူး...."
တိုးညှင်းစွာ ညည်းတွားရင်း ဖုန်းကို ကောက်ကိုင်လိုက်သည် ။" Hello "
" ရှင်မင်း ဘာလုပ်နေလဲ "" ဘာမှမလုပ်ပါဘူးချယ်ရီ "
" ရှင်မင်းကလည်းနော် အဖြေရပြီးကတည်းက အဆက်အသွယ်ကိုမလုပ်တော့ဘူး ဘာလဲ စိတ်ပျက်သွားပြီလား "" အင်း... "
" ဟာ! ရှင်မင်းနော် "" မ...မဟုတ်ပါဘူးချယ်ရီရယ် ဒီမှာ အကိုရယ် လာမေးလို့ အင်းလို့ပြောလိုက်တာ ဟိုလေ....ကိုယ်လုပ်စရာရှိသေးလို့ ့နောက်မှတွေ့ကြမယ်နော်ချယ်ရီ "
" ရှင်မင်းကလည်းကွာ ..."
" ဗျာ!!!! ဟုတ် မားရေ... လာပြီဗျို့.....ဒါပဲနော် ချယ်ရီ တာ့တာ "" ရှင်မင်း! ရှင်မင်း! "
ဟူး......မလွယ်ပါလား မိန်းမတွေများ လင်လိုချင်နေကြတာ မြင်မကောင်းဘူး ။
" ကောင်း ကို လွမ်းလိုက်တာကွာ......."
.
.
." Hello! ဆက် ပြောလေ ဘာကိစ္စလဲ "
" မင်းကလည်းကွာ ငါက ကိစ္စရှိမှဖုန်းဆက်ရမှာလား "" အဲ့ လိုလည်းမဟုတ်ပါဘူးကွာ "
" ဘယ်လိုမဟုတ်တာလဲ "" စလာပြီ မင်းငါ့ကို ရစ်ရတာတော်တော်ကြိုက်ပုံပဲနော် "
" ဟီးဟီး.... "" ဟီးဟီးမနေနဲ့ ပြော ဘာကိစ္စလဲ "
" လွမ်းလို့ "ဘာလဲဆက် ချယ်ရီ့ကိုလွမ်းတဲ့အကြောင်းငါ့ကို ဖောက်သည်လာချမလို့လား ။ငါ့ပျော်ရွှင်မှုလေးတွေ ပျက်စီးအောင်ထပ်လုပ်အုံးမလို့လားကွာ ။
" အင်း....."
" မင်းကလည်းကွာ...အင်းတဲ့လား ဘယ်သူ့ကိုလွမ်းတာလဲ မသိချင်တော့ဘူးလား "" ငါသိပြီးသားလေ ဆက်ရယ် မင်းချယ်ရီ့ကို လွမ်းတယ်လို့ဖောက်သည်ချအုံးမှာပဲကို မေးစရာမှမလိုတာ "
" မဟုတ်ပါဘူးကွာ ကောင်းရာ "
" ဒါဆို ဘယ်တစ်ယောက်ကိုလဲ ပြောပါအုံး"" ချယ်ရီမဟုတ်တဲ့ တစ်ခြားတစ်ယောက်ကို "
" ဘယ်သူ့ကိုလဲလို့..."" ငါ... မင်း.."
ပြောမလို့ အစချီတုန်း ကောင်းဘက်က ကျက်သရေမရှိသေအသံကြီးတစ်သံ ကြားလိုက်ရသည် ။
BINABASA MO ANG
Never next Love you 💔