Part - 1 (Uni + ZG)
6.1K 197 26
Uni
" လမ်းခွဲရအောင် "
" ဟားဟား.... ငါ့ကိုလာနောက်မနေနဲ့မောင် ဒါမရယ်ရဘူးနော်"
" ငါနောက်နေတာမဟုတ်ဘူးငယ် အတည်ပြောနေတာ"
" ဘာလို့....ဘာလို့လဲမောင် "
" လမ်းခွဲချင်လို့ "
" မင်းချစ်ချင်တိုင်းချစ်ပြီး စွန့်ပြစ်ချင်တိုင်း ပြစ်လိုက်ရအောင်
ငါက သက်မဲ့ အရုပ်တစ်ရုပ် မဟုတ်ဘူးလေ ​မောင် "
" ကျစ်!!! မင်းက အရုပ်မဟုတ်လို့အခုလိုအေးအေးဆေးဆေး
ပြောနေတာ ။ မင်းသာအရုပ်ဆို ငါလုပ်ချင်သလိုလုပ်ပြစ်တာ
ကြာပြီ "
" နောက်ဆုံးတော့ မင်းရဲ့ဇာတိတွေ ပြန်ပေါ်လာပြီပေါ့
ရှင်မင်းဆက်! လူတစ်ယောက်ကို အရုပ်လို ကစားတတ်တဲ့
မင်းရဲ့ အကျင့်တွေပြန်ပေါ်လာပြီပေါ့ "
" မင်းအရမ်းစကားများလွန်းတယ် ကောင်း "
" ဟုတ်တယ် ငါစကားအရမ်းများလွန်းတယ် မင်းအခုမှသိတာလား ငါ့ရဲ့ ချစ်လှစွာသောမောင် "
"......"
" ကောင်းပြီလေ မင်းဖြစ်ချင်တာ ငါဖြည့်ဆည်းပေးမယ် ။
ဒါပေမဲ့ ငါမေးတာကို အမှန်တိုင်းဖြေပေး ဆက် "
" အေး! မေး! "
" မင်းငါ့ကို ချစ်ခဲ့လား ရှင်မင်းဆက် "
" ဟင့်အင်း ငါမင်းကို နဲနဲလေးတောင်
မချစ်ခဲ့ဘူး ကောင်းမင်းထက် "
" ဒါဆို ငါ့ကို ဘာလို့ ဘုခဲ့လဲ ခွေးကောင်ရဲ့ " " ခွပ်! ခွပ်! ခွပ်!"
လက်သီးဖြင့် ဆက်တိုက်ထိုးပြီးနောက် ထပ်ပြောသွားသော
စကားတစ်ခွန်းက
" ငါမင်းကို မုန်းတယ် ရှင်မင်းဆက်! ငါမင်းကို စောက်ရမ်းမုန်းတယ်!!"
မုန်းလိုက်စမ်းပါကွာ မင်းအရမ်းမုန်းလိုက်စမ်းပါ မင်းရဲ့ရင်ထဲမှာ ငါ့ကို မုန်းနေတဲ့စိတ်တွေ မတရားကြီးစိုးနေမှ မင်းငါ့ကို မမေ့နိုင်မှာ ငယ် .....
မင်းသိလား ငယ် မင်းက အရုပ်တစ်ရုပ်မဟုတ်ဘဲ လူတစ်
​ယောက် ဖြစ်နေလို့ ။ မင်းသာ အရုပ်တစ်ရုပ်ဆို ရင်လေ ငါက
ကလေးတစ်ယောက်လို အရုပ်လေးကို ရင်ခွင်ထဲပိုက်ပြီး သွားလေရာ ခေါ်ဆောင်သွားမှာ
ငါအရမ်းချစ်တဲ့မင်းဟာ အရုပ်တစ်ရုပ် ဖြစ်မနေလို့ပေါ့ ငယ်ရယ်.......
---------
ZawGyi
" လမ်းခွဲရအောင် "
" ဘာလို့....ဘာလို့လဲမောင် "
" လမ်းခွဲချင်လို့ "
ကြာပြီ "
"......"
" အေး! မေး! "
စကားတစ်ခွန်းက
Never next Love you 💔Where stories live. Discover now