🍁2🍁

943 143 4
                                    

(2):

Zawgyi;

"အဲ့တာဆို Hyung ကစေ့စပ်ပွဲမလုပ်ချင်လို့ထွက်ပြေးလာတယ်ပေါ့ ''

အကြောင်းစုံကိုပြောပြပြီးတော့ NamJoon ဘက်ကမေးလာတဲ့မေးခွန်းကြောင့် ဟုတ်တယ်လိုဖြေရမယ့်အစား မဟုတ်ဘူးဆိုတဲ့အငြင်းစကားကိုသုံးလိုက်မိသည်။

"အဲ့လိုတော့လည်းမဟုတ်ပါဘူး ထားပါ​တော့အဲ့ကိစ္စထပ်မမေးနဲ့တော့ မင်းလည်းခရီးပန်းလာတယ်မလား နားတော့လေ ငါလည်းနားတော့မယ်  ငါဒီကုတင်မှာအိပ်မယ်နော် ''

စကားစကိုအတင်းဖြတ်ကာ ပြတင်းပေါက်နဲ့နီးတဲ့ဘက်ခြမ်းကိုလက်ညှိုးထိုးပြီး သူအဲ့မှာအိပ်မယ်လို့ခွင့်တောင်းလာတာကြောင့် သူလည်းခေါင်းညိမ့်ပြလိုက်သည်။

ကိုယ့်ထက်အသက်ကြီးလို့သာ Hyung လို့ခေါ်နေရတာ နေပုံထိုင်ပုံစကားအပြောအဆိုကအစအကြီးတစ်ယောက်နဲ့လုံးဝမတူ။

NamJoon အတွေးတွေကိုရပ်လိုက်ပြီး အိတ်ထဲက laptop ကိုထုတ်လိုက်ကာမနက်ဖြန်သွားရမယ် share ရှင်အစည်းအဝေးမှာတင်ပြရမယ့်အကြောင်းတွေကို ပြန်ကြည့်နေလိုက်တော့သည်။

သူအမ မင်္ဂလာဆောင်ပြီးရင်သူ့ရဲ့ canada ကCompany ကိုလက်ဖွဲ့ဖို့သူရည်ရွယ်ထားသည်။ အဲ့အကြောင်းနဲ့ပတ်သက်ပြီးအရင်ထဲက share ရှင်တွေကိုပွင့်ပွင့်လင်းလင်းပြောထားသော်လည်း share ရှင်တချို့ကအခုမှဘာထဖြစ်လည်းမသိ ပြသာနာရှာလာတာကြောင့်အားချင်းပင်သူ canada ကိုလာခဲ့ရခြင်းဖြစ်သည်။
.
.
.
.
.
အလုပ်ကိစ္စထဲစိတ်ရောက်နေတာနဲ့ သူနာရီ​တောင်မကြည့်မိ။ အလုပ်တွေအကုန်လက်စသက်ပြီးတော့မှဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ မှောင်စပြုနေပြီဖြစ်သည်။

ကုတင်ပေါ်မှာအိပ်နေတဲ့ Hyung ပေါက်စကိုကြည့်တော့လည်းတုပ်တုပ်တောင်မလှုတ် နာရီကိုကြည့်လိုက်​တော့ 6နာရီခွဲ​တော့မည်။ Hyung ပေါက်စကိုမနှိုးချင်ပေမယ့် နှိုးမှဖြစ်တော့မည်။ဆက်အိပ်နေရင်ဖျားသွားမှာဆိုးတာကြောင့် နှိုးလိုက်​တော့ အိပ်ချင်မူးတူးနဲ့ထထိုင်ပြီး

" မိုးတောင်မလင်းသေးဘူး ''

မျက်လုံးပင်သေချာမပွင့်သေးဘဲ ပြတင်းဘက်ဘက်ကိုလှည့်ကြည့်ကာ မှောင်စပြုနေတာကို နေမထွက်သေးဘူးထင်လို့ဖြစ်မည် မျက်လုံးကိုပွတ်ကာဆူပုတ်ပုတ်နဲ့ပြောလာတာသော Hyung ပေါက်စကိုကြည့်ပြီး သူမပြုံးဘဲမနေနိုင်တော့ ။ ဒီ Hyung ပေါက်စကသူ့မျက်လုံးထဲမှာ 3 နှစ်ကလေးလေးနဲ့တူနေသည်။

𝑻𝒆𝒂𝒓 𝒇𝒓𝒐𝒎 𝑴𝒂𝒑𝒍𝒆 (NamJin) [Complete] Where stories live. Discover now