🍁3🍁

883 133 0
                                    

(3);

Zawgyi;

"ကျနော်ကတော့ ဒီ project ကို Kim CEO ဘဲအပြီးလုပ်သွားစေချင်တယ် ''

share ရှင်တစ်ယောက်ရဲ့စကားကို ကျန်တဲ့သူများကထောက်ခံနဲ့အနေနဲ့ခေါင်းတစ်ဆက်ဆက်ငြိမ့်ကြကာ တစ်ယောက်တစ်ပေါက်တီးတိုးပြောဆိုကြတော့သည်။

NamJoon သက်ပြင်းတစ်ချက်ချလိုက်ပြီး

" အစထဲကဒီ project ကမမအတွက်ရည်ရွယ်ထားတာပါ ဒီ project ကိုစဆွဲတာလည်းမမပါ ကျနော်ကဘေးနားကကူညီရုံဘဲ အဲ့တာကြောင့်ကျနော်ကတော့ မမကိုဘဲဒီ project ကိုအပ်ချင်ပါတယ် ''

" ကျနော်ကတော့ မစ္စတာရစ်ချက်ပြောသလိုဘဲ ဒီ project ပြီးမှ CEO Kim ရဲ့အမကိုလုပ်ငန်းလွှဲပေးစေချင်တယ် CEO Kim ဘက်က ဒီ project ကအမဖြစ်သူအတွက်ရည်ရွယ်ထားတာမှန်ပေမယ့် ကျနော်တို့ဘက်ကကြည့်ရင်ဒီလိုproject ကြီးကို စီးပွားရေးလောကထဲကိုဝင်တာသိပ်မကြာသေးတဲ့မိန်းကလေးတစ်ယောက်ကိုယုံယုံကြည်ကြည်နဲ့လွှဲပေးဖို့ဆိုတာခက်ခဲပါတယ် အကယ်၍အမှားယွင်းတစ်ခုခုများဖြစ်ခဲ့ရင် နစ်နာမှာကငွေကြေးတစ်ခုထဲမဟုတ်ဘူးဆိုတာ CEO Kim လည်းနားလည်မှာပါ''

Share ရှင်တွေရဲ့စကားကြောင့်သူ့စိတ်တွေမတရားရှုတ်လာသည်။ သူအတွက် project တစ်ခုကိုတာဝန်ယူလိုက်ရတာသိပ်မခက်ခဲပေမယ့် ဒီproject ကအမဖြစ်သူစဆွဲထားတဲ့ project ဖြစ်တာကြောင့် အမဖြစ်သူကိုသာတာဝန်ယူပြီးလုပ်စေချင်သည်။ Share ရှင်လူကြီးတွေစိတ်ပူနေသလိုဖြစ်လာမှာမဟုတ်တာကိုလည်းသူယုံကြည်သည် ။ ဒီ project ကိုမမကိုဘဲကိုင်တွယ်စေချင်တဲ့ရည်ရွယ်ချက်ကနှစ်ခုသာရှိသည်။ ပထမတစ်ခုကတော့ ဒါကမမရဲ့ idea နဲ့ဆွဲထားတဲ့ project မို့လို့ နောက်တစ်ခုကတော့ မမသာဒီproject ကိုအောင်အောင်မြင်မြင်နဲ့မြန်မြန်ဆန်ဆန်လုပ်နိုင်ရင် Share ရှင်တွေအားလုံးရဲ့ယုံကြည်မှုကိုရလိမ့်မည် ဆိုတဲ့ရည်ရွယ်ချက်နှစ်ခုသာရှိသည်။ ခက်တာက share ရှင်တွေကလည်း project အတွက်စိတ်ပူနေကြတယ်ထင်သည် သူကိုသာဦးဆောင်ခိုင်းနေတာမို့ သူလည်းမလွဲသာတဲ့အဆုံးတော့လက်ခံလိုက်တော့သည်။
.
.
.
.
.
Seok Jin တစ်ယောက် ဒီနေ့တစ်နေကုန်အပြင်မထွက်ဖြစ် မနက်က NamJoon က share ရှင်အစည်းဝေးပွဲသွားမည်ဖြစ်ကြောင်းပြောတော့ သူလိုက်မလို့လုပ်ပေမယ့် NamJoon ကလိုက်ခဲ့ရန်မလိုသေးကြောင်း​ပြောလာတာကြောင့် သူအခန်းထဲမှာဘဲ laptop တစ်လုံးနဲ့ Canada မှာရှိတဲ့ NamJoon ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းတွေကိုဖတ်ကြည့်နေလိုက်သည်။

𝑻𝒆𝒂𝒓 𝒇𝒓𝒐𝒎 𝑴𝒂𝒑𝒍𝒆 (NamJin) [Complete] Where stories live. Discover now