Part - 5

410 87 3
                                    

Unicode

စကားနားထောင်တဲ့အခါ
မင်းကသိပ်လိမ္မာတဲ့ခွေးပေါက်စလေးလိုပဲတဲ့

မင်းမသိလို့ပါ
ငါ့ရဲ့နာခံတတ်မှုက မင်းနဲ့ပဲသက်ဆိုင်တယ် .

~~~~~~~~~~~~~~~~~~~~~~~~~

ဧည့်ခန်းဆီမှာလူစုံအောင်ထိုင်နေကြသော်ငြားလဲ စိတ်ချမ်းမြေ့နေသူတော့တစ်စုံတစ်ယောက်တော့ပါကောင်းပါရဲ့...။
စကားပြောဖို့အရှိန်ယူနေတဲ့အန်ကယ်ကြီးကြောင့်စိတ်ပူပန်စွာJunkyuကိုလှမ်းကြည့်တော့ ပုံမှန်ထက်မျက်နှာတည်နေရုံကလွဲ တကယ်ကိုစိတ်အေးလက်အေးပုံမို့သက်ပြင်းကိုခိုးချမိသည်...။
ဒီတခေါက်အန်တီကြီးကတော့မျက်နှာပုံစံအရ အနည်းငယ်သဘောကောင်းမည့်ပုံပေါ်သည့်တိုင်အောင် Yoshiကိုယ်တိုင်လဲ ဘာကိုမှကြိုမတွေးထားရဲသေးပါ..။

" Junkyu..."

အန်ကယ်ကြီးရဲ့အေးစက်စက်ခေါ်သံမှာဘေးကလူတွေကတော့ ကြောက်ရွံသွားရပေမဲ့ Kim Junkyuကတော့ဖြုံပုံပင်မရ...
ဖုန်းကိုအကြည့်မပျက်ပဲ အင်း တစ်လုံးနှင့်သားပြန်ထူးသည်...။

" ဒါကမင်းအမေပဲ မှတ်ထား.."

" အော်...ဟုတ်လား...တွေ့ရတာဝမ်းသာပါတယ် အန်တီ...အန်တီအန်တီ...အန်တီ4လို့ခေါ်ရမလား....နံပါတ်စဉ်မှတ်တယ်မလား ဒယ်ဒီ.."

" Junkyu...."

မျက်မှောင်ကိုပြတ်ထွက်တော့မည့်အလားကြုံ့ကာအော်လိုက်သည့်အန်ကယ်ကြီးကြောင့်Yoshiကြားဝင်ဖို့လိုပီ...
မဟုတ်ရင် ဒီကောင်လေးအခုမှရမဲ့သူစိမ်းရှေ့မှာလက်ပါခံရနိုင်သည်....။

" Junkyu,....မင်းပြောတော့ စာကြည့်တိုက်သွားစရာရှိတယ်ဆို ...အန်ကယ်ကြီး...ကျွန်တော်တို့စာစုလုပ်ဖို့ချိန်းထားလို့ပါ..နောက်ကျမှာဆိုးလို့....အဲ့တာ.."

" Yoshi...Yoshi...မင်းသူ့ရှေ့ကနေအမြဲကာနေ အဲ့ကောင်ပိုရောင့်တက်လာတာမင်းကြောင့်.."

" သူကလဲဘယ်သူလဲ အကို.."

လေသံစာစာနဲ့ဝင်မေးတဲ့အန်တီကြီးကြောင့်ဖုန်းအကြည့်မပျက်တဲ့Junkyuချက်ချင်းပင်မော့ကြည့်လာသည်....

" အော် ဒရိုင်ဘာရဲ့သားပေါ့..."

" Yoshiကိုဘာအကြောင်းနဲ့မှအဲ့လိုပြောစရာမလိုဘူး....Yoshiကကျွန်တော့သူငယ်ချင်း....နောက်တခါဘယ်တော့မှအဲ့လိုမခေါ်မိစေနဲ့...ကျွန်တော်မကြိုက်ဘူး...လာ Yoshiသွားမယ်.."

𝑱𝒖𝒔𝒕 𝑭𝒓𝒊𝒆𝒏𝒅 // 𝒀𝒐𝒔𝒉𝒊𝒌𝒚𝒖Where stories live. Discover now