Unicode
" ကဲ Yoshi...အဆင်သင့်ပဲလား .."
မျက်စပစ်ကာမေးလာတဲ့ junkyu ကို Yoshiခပ်ပြုံးပြုံးပဲခေါင်းညိတ်ပြသည်..
ဂီယာအသင့်ထိုးရင်းရှင်းနေတဲ့လမ်းမထက်မမှိတ်မသုန်စိုက်ကြည့်နေတဲ့ကောင်လေးနှစ်ယောက်..
ပြိုင်ကားကိုယ်စီနဲ့ယှဉ်ပြိုင်ဖို့အသင့်...။
မနက်တစ်နာရီဆိုတဲ့အချိန်ကလူတွေအိပ်ချိန်..
လူတွေမဟုတ်တဲ့ဒီနတ်သားလိုကောင်ချောလေးနှစ်ယောက်ကတော့စိန်ခေါ်ပြုံးတွေနဲ့..." ကဲ..ရယ်ဒီ... 1,2,3.."
ဝေါခနဲမောင်းထွက်သွားတဲ့ကားလေးနှစ်စီးကြောင့်သစ်ပင်ထက်ကအိပ်တန်းတက်နေတဲ့ဌက်လေးတွေပင်လန့်ကာထပျံကုန်ကြသည်..
လမ်းကိုတပတ်ပြည့်အောင်မောင်းပီးတဲ့နောက်ပန်းဝင်လာတဲ့ကားလေးကို Jaehyukကလက်ခုပ်တီးကာကြိုဆိုသည်...
ကားပေါ်ကအောင်နိုင်သူတယောက်လိုဆင်းလာတာကတခြားတော့မဟုတ်..Junkyuရယ်သာ..နောက်မှထပ်မံကပ်လိုက်လာတဲ့Yoshiကတော့ခပ်အေးအေးပြုံးရုံကလွဲပီးအရှုံးတွေအနိုင်တွေသူစိတ်ဝင်စားပုံမရ...
" ကဲ..ငါ့ကိုသခင်လေးလို့ခေါ်ရတော့မယ်Yoshi..."
ကလေးကလားဆန်ဆန်လောင်းကြေးကြောင့်ပြုံးနေတဲ့Yoshiနှုတ်ခမ်းတွေအနည်းငယ်ကွေးညွတ်သွားသည်..
သခင်လေးလို့ခေါ်ရမှာထူးဆန်းတဲ့အရာမှမဟုတ်တာ..
အရင်ထဲကခေါ်နေကြကို...Junkyuလို့သူ့စိတ်တိုင်းကျပြောင်းခေါ်ခိုင်းတယ်..
အခု...လောင်းကြေးနဲ့သခင်လေးပြန်ဖြစ်ပြန်ပီ..။အဲ့လိုပဲ..Junkyuစိတ်ကိုဘယ်သူမှလိုက်မမှီဘူး...
ဘယ်သူမှလဲမတွေးတတ်ဘူး
Yoshinoriကလွဲ၍ပေါ့...။" အိပ်ချင်နေပြီလား Yoshi.."
" အင်း...နည်းနည်း..."
" ငါမြန်မြန်မောင်းပေးမယ်...မင်းအိပ်ချင်ရင်အိပ်ပီးလိုက်ခဲ့.."
ခေါင်းညိတ်ပြပေမဲ့Yoshiတကယ်တော့မအိပ်ရဲ...
ပြိုင်ကားကိုခပ်မြန်မြန်မောင်းပေးမယ်ဆိုတဲ့အရှိန်က..ညဘက်ဘယ်လိုပဲလမ်းရှင်းပါစေ...ဘုရားတစီးရမဲ့အနေအထား....အခန်းထဲရောက်မှ ချွေးတွေရွဲနစ်နေတဲ့အကျႌကိုချွတ်ချလိုက်သည်..
နေ့တနေ့ကုန်လို့နောက်နေ့ပင်ကူးနေပြီ..သူခုထိမအိပ်စက်ရသေးဘူး..
မနက်သုံးနာရီနီးပါး....ခြောက်နာရီဆိုပြန်လည်ထကာ...အန်ကယ်ကြီးလေ့ကျင့်ခန်းလုပ်ဖို့လိုက်ပေးရဦးမည်...
YOU ARE READING
𝑱𝒖𝒔𝒕 𝑭𝒓𝒊𝒆𝒏𝒅 // 𝒀𝒐𝒔𝒉𝒊𝒌𝒚𝒖