Unicode
" Yoshinori....."
စာထိုင်လုပ်ကာခုံပေါ်မှာမှေးခနဲခေါင်းတင်ကာအိပ်ပျော်သွားချိန်မှာ နားထဲကိုစီခနဲတိုးဝင်လာတဲ့အသံစူးစူးကြောင့်မျက်လုံးအပြူးသားနဲ့ပုံမှန်ဖြစ်အောင်ပင်မစောင့်အား...ေ၀ဝါးနေတဲ့မျက်လုံးတွေကိုလက်နဲ့ပွတ်ကာ အသံလာရာအောက်ထပ်ကိုကမန်းကတမ်းပြေးဆင်းလာခဲ့ရသည်....။
ထင်သည့်အတိုင်းအခြေအနေကောင်းဟန်မရှိတဲ့အန်ကယ်ကြီးရဲ့ဇနီးအသစ်က မျက်နှာထားတင်းတင်းနဲ့မတ်တပ်ရပ်ကာနေသည်....။
" ဟုတ်....အန်တီလေး.."
" မင်းကိုကားရေဆေးထားလို့ပြောတာ ဘာလို့မလုပ်ထားတာလဲ...ကြည့်စမ်း ငါအခုသွားခါနီးလာခါနီးမှညစ်ပတ်နေတဲ့ကားကိုမောင်းသွားရမှာလား.."
" ဟို...ကျွန်တော်စာလုပ်နေရင်းမေ့သွားလို့ပါ....အခု..အခုဆေးလိုက်မယ်လေ..."
"မလိုဘူး....အခုချိန်မှဆေးတော့ငါကဘယ်ချိန်သွားမလဲ..."
" ဒါဆို...ဟို...ကျွန်တော်ဘယ်လိုလုပ်ပေးရမလဲ..."
" အဟင်း....နောက်ဆိုငါခိုင်းရင်ချက်ချင်းထလုပ်တတ်တဲ့အကျင့်ရှိအောင် မှတ်လောက်အောင်အပြစ်ပေးရမယ်.."
" ဘယ်....လို..."
" မင်းကိုဒီလကျောင်းလခနှုတ်မယ်...."
" ဟို.အဲ့လိုတော့ မလုပ်ပါနဲ့.."
" မလုပ်စေချင်ရင် မင်းအဖေလစာလျော့မယ် စဉ်းစားလေ.."
ဒီကိစ္စကိုအဖေ့ကိုပေးသိ၍မဖြစ်....သိလဲမသိစေချင်...
တအားစိတ်မကောင်းဖြစ်သွားနိုင်သလို..Junkyuပါသိရင်လဲ လွယ်မယ်မထင်...ပြဿနာကိုအစရှာပေးသလိုဖြစ်နေနိုင်သည်...။" ဟုတ်...ကျွန်တော့်ကျောင်းလခပဲလျော့လိုက်ပါ....နောက်ကိုမဖြစ်စေရပါဘူး..."
" အေး သွားတော့..."
လေးလံသွားတဲ့စိတ်တွေနဲ့အားမပါစွာအပေါ်ထပ်ကိုပြန်လှမ်းလာပေမဲ့ အတွေးထဲမှာတော့ အချိန်ပိုင်း....
အချိန်ပိုင်းအလုပ်တခုရဖို့သာတွေးလိုက်မိသည်....။
သို့ပေမဲ့လိုအပ်တိုင်းလှမ်းခေါ်တတ်တဲ့Junkyuကြောင့် အနားမှာမရှိနေရင် ပြန်လည်အဖြေပေးစရာစကားလုံးလဲမရှိ....။
YOU ARE READING
𝑱𝒖𝒔𝒕 𝑭𝒓𝒊𝒆𝒏𝒅 // 𝒀𝒐𝒔𝒉𝒊𝒌𝒚𝒖