Arc(3.6)

6.1K 1K 12
                                    

Unicode

Arc(3.6)

တောင်ပေါ်လေပြေညှင်းက ဘယ်နေရာကမှန်းမသိတဲ့နေရာ မှချိုမြန်သောပန်းရနံ့များကိုသယ် ဆောင်လာပြီးမြူခိုးအလွှာပါးပါး လွှမ်းခြုံနေသည့်တောင်ထိပ်ရဲ့အပေါ် ကို့ဖြေးညှင်းစွာတိုက်ခတ်လာသည်။

လီလျိုသည်သူ့လက်ထဲကကြွေ ပန်းကန်လုံးကိုအောက်ချလိုက်ပြီး အပြည့်အဝကျေနပ်သွားသော် လည်းသူ့မျက်နှာပေါ်မှာတော့ မည်သည့်အမူအယာမှရှိမနေပေ။ ထိုအရောင်ဖျော့ဖျော့နှတ်ခမ်းတစ်စုံ မှာသာဖိနှိပ်မရနိုင်တဲ့အကွေးလေး တစ်ခုရှိနေသည်။

သူ့ရဲ့ပါးလွှာသည့်လက်ချောင်းများ ကဘေးတစ်ဖက်ကလက်ဖက်ရည် အိုးကိုယူလိုက်ပြီးအထဲကလက်ဖက် စိမ်းရည်ကိုနှစ်သက်ဖွယ်ကောင်းလှ သည့်အသွင်ဖြင့်ငှဲ့ထည့်လိုက်သည်။ ထိုအဖြူရောင်ကြွေလက်ဖက်ရည်ခွက် ကိုကိုင်ထားသည့်သူ့သွယ်လျှလျှ လက်ချောင်းများရဲ့လက်သည်းထိပ် လေးများကတော့ပန်းရောင်ဖျော့ဖျော့ ဖြစ်ပေါ်နေ၏။သူ့လက်များကအဖြူ ရောင်ကျောက်စိမ်းလက်ဖက်ရည်ခွက် နဲ့ဆန့်ကျင်ပြီးပိုလို့ပင်ဖောက်ထွင်းမြင် နေရသလိုဖြစ်နေသည်။

ထိုအချိန်မှာလီလျိုရဲ့ဆန့်ကျင်ဘက် တွင်ထိုင်နေသည့်ချူးဝူရုံရဲ့ပုံပန်းသွင် ပြင်ကဆယ့်ငါးနှစ်ဆယ်ခြောက်နှစ် လောက်ရှိသည့်လူငယ်လေးတစ်ယောက် ပုံဖြစ်နေသည်။ဒီသုံးနှစ်အတွင်းသူ့အရပ်က သူနဲ့ဆန့်ကျင်ဘက်မှာထိုင်နေသော လီလျိုနဲ့အတူတူလောက်ဖြစ်နေပြီ ုဖြစ်သည်လေ။

ချူးဝူရုံရဲ့နုပျိုပြီးသိမ်မွေနူးညံ့သော မျက်နှာလေးသည်လည်းတော်တော် လေးအရွယ်ရောက်လာပြီဖြစ်သည်။ မူလကအာဟာရချို့တဲ့ပြီးဖျားနာနေ ဟန်ပေါက်သည့်အသွင်အပြင်လေးက အခုဆိုပွင့်လင်းလာခဲ့ပြီးသုံးနှစ်လောက် သန့်စင်ပြီးနောက်မှာတစ်ချို့နေရာတွေ ကအနည်းငယ်ကလေးဆန်နေသေး သော်လည်းအလွန်ဆွဲဆောင်မှုရှိလှ သည့်ပုံစံဖြင့်အစားထိုးလာခဲ့ပြီဖြစ် သည်။ထူထဲသည့်အနက်ရောင်မျက်ခုံး များကထိဆက်လုမတတ်ဖြစ်နေပြီး မူလကလုံးဝိုင်းသည့်မျက်လုံးကြီး တစ်စုံသည်လည်းပိုလို့ကျဉ်းမြောင်း လာခဲ့သည်။သုံးနှစ်ကြာပြီးနောက်မှာ သူ့မျက်နှာတစ်ခုလုံးရဲ့အပြင်ဘက် လိုင်းကပိုလို့နက်ရှိုင်းကာထင်းထွက် လာလေပြီ။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now