Unicode
Arc(1.16)
The Wild Dragon Proud Day
လီလျိုမှာတော့သူတို့၏စိတ်အားထက်သန်နေသည့်မျက်လုံးများကသူ့နောက်ကျောကိုကြည့်နေကြတာကိုခံစားလိုက်ရသောကြောင့်ချင်ယုအားကူကယ်ရာမဲ့စွာပဲလှမ်းကြည့်ပြီးမေးလိုက်ရတော့သည်။
"ယု...မင်းငါနဲ့အတူတူထွက်လာမလို့လား?"
"အင်းလေ..အခုကနောက်ကျနေပြီလေညစာစားချိန်လည်းရောက်နေပြီဆိုတော့ငါမင်းနဲ့အရင်ညစာအတူတူစားမယ်ပြီးမှပြန်လာပြီးဂျင်မြို့ကိုဘယ်လိုတိုက်ခိုက်မလဲဆိုတာဆွေးနွေးရမှာပေါ့အဲ့ဒီအချိန်ဆိုရင်တော့လူတိုင်းအကြံဉာဏ်ကောင်းလေးတွေထွက်နေလောက်ပြီလို့ယုံကြည်မိပါရဲ့"
ချင်ယုကပြောလိုက်ပြီးသည်နှင့်သူ့အကြည့်ကအရာရှိများထံသို့ဖြတ်သန်းသွားသည်။မူလကလီလျိုအားအသည်းအသန်ကြည့်နေကြသောသူများအားလုံးချင်ယု၏အကြည့်ကသူတို့ဆီသို့ရောက်သည်နှင့်ချက်ချင်းပင်အကြည့်များအားလွှဲလိုက်ကြပြီးအမှားလုပ်ထားတာသူတို့မဟုတ်တဲ့အတိုင်းလက်ထဲမှာရှိသည့် စာကိုသာအသည်းအသန်ကြည့်နေကြတော့သည်။
ချင်ယုကတော့ဘာမှမပြောတော့ပဲသူတို့ကိုလစ်လျူရှုလိုက်ကာလီလျိုနှင့်အတူအစည်းအဝေးတဲထဲမှလိုက်ထွက်လာလိုက်တော့၏
ရှည်ကြာလှသည့်စစ်ပွဲကြောင့်သူတို့စားသည့်အစားအစာများမှာဗိုက်မဆာယုံတမယ်စားရသည်အထိကျဆင်းသွားသည်။ယခင်တုန်းကတော့သူတို့မှာအသားနှင့်ငါးများအားစားနိုင်နေသေးသော်လည်းအခုတော့မဟုတ်တော့ပေ။
လီလျိုနှင့်ချင်ယုတို့ကတစ်ယောက်နှင့်တစ်ယောက်မျက်နှာခြင်းဆိုင်ပြီးတပ်မှုးတဲထဲတွင်ထိုင်နေကြသည်။သူတို့ရှေ့မှာတော့သေးငယ်သည့်စားပွဲလေးအပေါ်တွင်မုန်လာဥချဉ်နှင့်အဖြူရောင်ပေါင်မုန့်တစ်ပန်းကန်ဆီသာရှိသည်။
လီလျိုကအရသာမရှိသည့်ပေါင်မုန့်အားဝါးနေရင်းဖြင့်သူ့မူလကမ္ဘာမှာရှိသည့်အမဲသားနံ့နှင့်ခေါက်ဆွဲပြုတ်အားလွမ်းနေမိသည်။ဒီလိုအရသာမရှိသည့်ပေါင်မုန့်နှင့်ယှဉ်ရင်တော့သူတို့ကရိုးရိုးရှင်းရှင်းပဲအရာသာရှိလှ၏
YOU ARE READING
(Completed )The Transmigration Routine of Always Being Captured by ML
Randomမနက်ခင်းတစ်ခုတွင် system နှင့်ချည်နှောင်ခံရပြီးနောက် MC မှာလုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ပင် ML ဤဖမ်းဆီးခြင်း/တိုက်ခိုက်ခြင်းအားခံရသည်။ ML ရဲ့ညီငယ်လေးပဲဖြစ်ဖြစ်၊ဆရာပဲဖြစ်ဖြစ်ပြိုင်ဘက်ပဲဖြစ်ဖြစ်ကိစ္စမရှိဘူးဒါပေမဲ့အဆုံးမှာတော့အမြဲတမ်း ML ရဲ့အတင်းအဓမ္မခေါ်ဆေ...