Arc(3.9)

5.5K 1K 17
                                    

Unicode

Arc(3.9) 

ချူးဝူရုံကထိုပစ္စည်းကိုထုပ်ပိုးထား သည့်အဝတ်စအားဂရုတစိုက်ဖြင့် ဖြေးညှင်းစွာဖယ်ရှားလိုက်သည်။ အဝတ်ပိုင်းကမြေပေါ်ကျသွားသည် နှင့်အထဲကပစ္စည်းရဲ့မူလရုပ်သွင်ပေါ် လာတော့သည်။

ထိုအရာကသံချေးတက်နေသည့် ဓားကြီးတစ်ချောင်းဖြစ်ပြီးထိုထူထဲ လှသည့်ဓားကြီးရဲ့မျက်နှာပြင်ပေါ်မှာ တော့အနီရောင်သွေးစွန်းထင်းနေ သလိုမျိုးသံချေးတစ်လွှာဖြင့်ဖုန်း အုပ်ထားသည်။

ဓားကအလွန်ကျယ်ပြန့်ပြီးလူ တစ်ယောက်ရဲ့အရပ်လောက် ရှိကာကိုင်ဆောင်ဖို့နဲ့တိုက်ခိုက်ဖို့ အတွက်အလွန်အဆင်မပြေသည့် ပုံစံဖြစ်နေတာကြောင့်ထိုကဲ့သို့ ယိုယွင်းနေသည့်အသွင်အပြင်နှင့် ပါပေါင်းလိုက်သည့်အခါမည်သူမျှ အလိုမရှိသည့်ဓားအပိုင်းအစတစ်ခု နှင့်တူနေသည်။

လီလျိုကထိုအမှိုက်ပုံထဲကကောက် လာတဲ့ပုံစံနဲ့တူနေသောဓားကြီးအား ကြည့်လိုက်ပြီးနောက်တစ်ကြိမ်ထပ် စဉ်းစားလိုက်မိသည်မှာဇာတ်လိုက် ချူးဝူရုံကထိုဝိဉာဉ်ကိရိယာကိုရရှိပြီး နောက်မှာဒီဓားကသူ့ကိုနှောင့်ယှက် လာတဲ့မည်သူ့ကိုမဆိုသတ်ဖြတ်ပစ် နိင်တဲ့မမြင်ရတဲ့လက်နက်တစ်ခုဖြစ် လာခဲ့သည်ကိုပင်။ပြီးနောက်မှာတော့ သူကဖုန်တက်နေဆဲဖြစ်သည့် ဝိဉာဉ်ကိရိယာကိုနောက်တစ်ဖန်ပြန် ကြည့်လိုက်ပြီးမနေနိုင်စွာသွားထိ ကြည့်မိသည်။

သို့သော်လီလျိုကသူ့ကိုယ်ပိုင်ဆန္ဒကို ပြင်းပြင်းထန်ထန်ထိန်းချုပ်လိုက်ပြီး သူ့မျက်လုံးကိုထိုသံချေးတက်နေသည့် ဓားထံမှဆွဲဖယ်လိုက်ရသည်။သူက ချူးဝူရုံအားပြန်ကြည့်လိုက်ပြီးပေါ့ပါး စွာပြောလိုက်သည်။

"ဒီဟာကရတနာနဲ့မတူဘူး"

လီလျိုကသူ့ခေါင်းကိုငုံပြီးသူ့လက်ထဲ မှာကိုင်ထားတဲ့ထိုဓားကြီးကိုငုံ့ကြည့်နေ တဲ့အချိန်မှာလီလျိုရဲ့ဘးတစ်စောင်း မျက်နှာကိုကြည့်နေသည့်ချူးဝူရုံရဲ့ မျက်လုံးများကတော့လိုချင်ဆန္ဒများ နဲ့မီးလိုတောက်လောင်နေခဲ့တာဖြစ်၏။ အနည်းငယ်နိမ့်ကျနေသည့်ရှည်လျား ပြီးကော့ညွှတ်နေတဲ့မျက်တောင် ကော့ကော့ကြီးများမှသည်နူးညံ့တဲ့ နှာခေါင်းထိပ်လေးဆီသို့ရောက်သွား ပြီးသူ့အကြည့်ကအရောင်ဖျော့ဖျော့ နှုတ်ခမ်းတစ်စုံမှာအတော်ကြာအခြေချ နေပြီးမှကော်လာအောက်ရှိသွယ်လျှ ပြီးဖြူသန့်နေသည့်လည်တိုင်ကျော့ ကျော့ဆီဆက်ဆင်းသွားသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now