4

2.1K 317 15
                                    

Mind the Gap

Written by 선상 (on the dream boat)
Translated by  ဂျူးဖက်

*****

[Unicode]

ရိပေါ်ရဲ့ မေမေက တရုတ်ပြည်ကို ပြန်လာပြီး နေနေတာဖြင့် ၂နှစ်,၃နှစ်လောက် ကြာမြင့်သွားပြီဖြစ်သည်။ နောက်အိမ်ထောင်တော့ ပြုတာမျိုး မရှိခဲ့ပေမယ့် အလုပ်လဲ ဆက်လုပ်လျက်ပင်.. ရိပေါ်နဲ့တော့ တစ်လတစ်ခါ အဆက်အသွယ်လုပ်တာဖြစ်ဖြစ် ထမင်းတူတူစားတာဖြစ်ဖြစ် လုပ်ခဲ့သည်။ တရုတ်ပြည်ကို ပြန်ရောက်ရောက်ချင်း တူတူနေဖို့ကို သူမက တောင်းဆိုခဲ့ပေမယ့် ရိပေါ်က လက်မခံဘဲ ငြင်းဆိုခဲ့သည်။ သူမလည်း အနည်းငယ်တော့ ရိပေါ်ကို နားလည်ကာ ငြင်းဆိုမှုကို လက်ခံလိုက်သည်။ သွေးသားရင်းချာဆိုတဲ့ အချက်တစ်ခုတည်းနဲ့ တောင့်ခံထားဖို့က အတော်လေး ဝေးကွာပြီး မတူညီတော့တဲ့ သားအမိ ဆက်ဆံရေးကြောင့်ပင်။

ရိပေါ်က ရှောင်းကျန့်ရှေ့မှာဆို စကားတွေ ရေပက်မဝင် ပြောတတ်သလောက် အမေအရင်းရှေ့တွင်တော့ အအတစ်ယောက်လို တိတ်ဆိတ်သွားတော့သည်။ ဒီလို စိတ်မျိုးကလည်း အမေဆီကနေ ရထားတဲ့ အမွေမို့လို့ ဘယ်လိုပဲ တစ်လတစ်ခါ တွေ့နေပါစေ, သူတို့ သားအမိဆက်ဆံရေးကတော့ ဒီထက်ပိုပြီး တိုးတက်မလာခဲ့ပေ။ ကြားထဲမှာ ရှောင်းကျန့်ရှိနေရင်တော့ မပြောတတ်။ ရိပေါ် အမေကလည်း ဒါကို သိထားတော့ ရိပေါ်နဲ့ တွေ့တိုင်း ရှောင်းကျန့်ကိုပါ တစ်ပါတည်း ခေါ်တတ်သည်။ ဥပမာ စကားလမ်းကြောင်းထဲ ရှောင်းကျန့်အကြောင်း ထည့်ထည့်ပြောတတ်တာမျိုး။ ဒီ သားအမိ နှစ်ယောက်လုံးက ရှောင်းကျန့်အပေါ် များစွာသော ကျေးဇူးကြွေးတွေ တင်နေတော့သည်။

နောက်လဆို လမုန့်ပွဲတော်ရက်ရောက်တော့မှာမို့ ထမင်းဖြစ်ဖြစ် တူတူစားကြရအောင်ဆိုပြီး အမေ့ဆီကနေ ရိပေါ် အဆက်အသွယ်ရလာသည်။ ပွဲတော်ရက်တွေဆိုရင်တော့ ဘယ်လောက်ပဲ အချိန်တိုလေးဖြစ်နေပါစေ ရှောင်းကျန့်မိသားစုနဲ့ ရိပေါ်မိသားစု အတူတူ စုပြီး ထမင်းစားဖြစ်ကြသည်။

[completed] Mind the Gap | yizhan Where stories live. Discover now