1.5

2.4K 358 8
                                    

Mind the Gap

Written by 선상 (on the dream boat)
Translated by ဂျူးဖက်

*****

[Unicode]

ပုံမှန် နေနေကျ ပုံစံခွက်လေးဆီသို့ ခပ်မြန်မြန်ပင် ပြန်ရောက်လာခဲ့ကြသည်။ ရေခဲသေတ္တာထဲ ထည့်ထားခဲ့တဲ့ အစားအစာတွေကို နောက်ကျမှ ထုတ်စားဖြစ်ခဲ့ပြီး, ထိုင်နေကျ ထမင်းစားပွဲမှာပဲ နှစ်ယောက်သား ထမင်းစားခဲ့ကြသည်။ အရင်က ဖြစ်ဖူးနေကျ အဖြစ်အပျက်တွေအတိုင်းပင် မနက်ရော ညပါ နှစ်ယောက်သား မျက်နှာချင်းဆိုင် တွေ့နေရပေမယ့် ထူးဆန်းလွန်းတဲ့ အခြေအနေကိုတော့ ဖုံးကွယ်မထားနိုင်ပေ။ အက်ကွဲကြောင်းတစ်ခုကြောင့် ကွာဟသွားပြီဖြစ်တဲ့ သူတို့ရဲ့ ဆက်ဆံရေးကြောင့် နှစ်ဦးနှစ်ဖက် ဂရုတစိုက် ရှိခဲ့ကြသည်။

နွေရာသီကတော့ ခါတိုင်းထက်ကို ပိုပူခဲ့ပြီး လိပ်လေးတစ်ကောင်လိုပင် ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့သည်။ အဲကွန်းက ဧည့်ခန်းထဲမှာ တစ်လုံးတည်း ရှိတာကြောင့် နွေရာသီရောက်တိုင်း နှစ်ယောက်လုံး ဧည့်ခန်းထဲမှာပဲ အိပ်ဖြစ်ကြသည်။ ရှောင်းကျန့် အအေးကြိုက်တတ်တာကို ကောင်းကောင်းသိတဲ့ ရိပေါ်က မအိပ်ခင် အဲကွန်းရှေ့တည့်တည့်တွင် အမြဲ အိပ်ရာခင်းပေးထားပြီး စောင့်နေတတ်သည်။ ဘယ်လောက်ပဲ နှစ်ယောက်သား နေရခက်နေပါစေ.. မဖြစ်မနေ လုပ်ပေးနေသည့် ကိစ္စမို့ သတိမထားဘဲနေခဲ့သည်။ ခြေလက်သန့်စင်ပြီး ထွက်လာတဲ့ ရှောင်းကျန့်ဟာ ဧည့်ခန်းထဲက တစ်ယောက်စာ အိပ်ရာခင်းလေးကို ကြည့်ပြီးနောက် ရိပေါ် အိပ်ခန်းဆီသို့ ခြေလှမ်းတွေ ရွှေ့လိုက်သည်။ သေးသေးလေး ဟနေတဲ့ တံခါးကြားကနေ မြင်ရတဲ့ အခန်းတွင်းသည် မှောင်မိုက်နေပြန်သည်။

"အိပ်နေပြီလား?"

လည်နေတဲ့ ပန်ကာသံတွေကြားထဲကနေ ထွက်လာတဲ့ 'အင်း' ဆိုတဲ့ ဖြေသံမှာ အိပ်မှုန်စုံမွှား အရိပ်အယောင်တွေ ရှိမနေခဲ့ပေ။

"မအိုက်ဘူးလား?"

ပြတင်းတံခါးတော့ ဖွင့်ထားပေမယ့် အပြင်လေကိုကကို အိုက်စပ်စပ်မို​့ အခန်းတွင်း အတော်ပူနေသည်။ နွေရာသီနှောင်းပိုင်းရဲ့ အပူကာလသည် အခုထိ မကုန်သေးပေ။ ကျောခိုင်းထားတဲ​​့ ရိပေါ်သည် 'အင်း' တစ်လုံးတည်းအပြင် ဘာမှ ဆက်မပြောတော့ ။ ရှောင်းကျန့်သည် မြင်နေရတဲ့ ရိပေါ်ရဲ့ ထို ဂုတ်သားဖွေးဖွေးကို လက်ဖဝါးနဲ့ အုပ်ထားချင်စိတ်တွေ တဖွားဖွား ဖြစ်လာရသည်။ ဆောင်းရာသီဆို ပူနေပြီး နွေရာသီဆို အေးစိမ့်နေတတ်တဲ့ ရိပေါ်ရဲ့ အသားအရည်က ရှောင်းကျန့်နဲ့ဆို ဆန့်ကျင်ဘက်ပင်။ အိုက်လား မအိုက်လားဆိုတာ ကိုင်ကြည့်လိုက်ရင် တန်းသိနေမယ်ကိစ္စကို...။ ရှောင်းကျန့် သွားမကိုင်ကြည့်နိုင်။ ငြိမ်းလက်စ ထင်းမီးပုံကြီး ထပ်လောင်လာအောင် သူ ဘာမှထပ်မလုပ်ချင်တော့ပေ။... ဒါပေမယ့်လည်း...

[completed] Mind the Gap | yizhan Место, где живут истории. Откройте их для себя