2

2.1K 347 22
                                    

Mind the Gap

Written by 선상 (on the dream boat)
Translated by  ဂျူးဖက်

*****

[Unicode]

ရာသီဥတုကတော့ ပေါ့သေးသေး မဟုတ်, မိုးခြိမ်းသံတွေကြောင့် အိမ်တောင် လှုပ်ခါသွားသယောင်။ နွေရာသီကုန်ခါစနှင့် ဆောင်းဦးမရောက်ခင် ကြား မိုးရာသီ စတင်လာခဲ့ပြီဖြစ်သည်။ တတောက်တောက်နှင့် အိမ်ခေါင်မိုးပေါ် ကျနေတဲ့ မိုးရေစက်သံတွေ ခပ်မြန်မြန် စိပ်လာတဲ့အခါ ရှောင်းကျန့် အလျင်အမြန်ပင် အေပရွန်ကို ဆွဲချွတ်လိုက်သည်။

​မင်းကြိုက်တဲ့ ဟင်းချက်ပေးမယ်ဆိုပြီး ရိပေါ်ကို အိမ်မှာဆက်နေပါလို့ ဆွဲထားမိတုန်းပင်။ အိမ်ကို အကြာကြီး ပြန်မလာတတ်တဲ့ ရှောင်းကျန့်ရဲ့ မိဘတွေ သူတို့သားကိ​ု ချော့မော့တတ်တဲ့နည်းအတိုင်း ရိပေါ်အပေါ် အသုံးချနေခြင်းပင်။ ဒီနည်းနဲ့ပင် စိတ်ဆိုးပြေတတ်တဲ့ ရှောင်းကျန့်လိုမျိုး ရိပေါ်လည်း စိတ်ဆိုးပြေမလားဆိုတဲ့ အတွေးနဲ့။

ဟင်းချက်နေတုန်း လိုနေတဲ့ အစာပလာတွေနဲ​​့ အသီးတွေ အိမ်နားက ဆိုင်မှာ သွားဝယ်လာခဲ့လို့ ရိပေါ်ကို ခိုင်းလိုက်သည်။

'ထီးရော ယူသွားရဲ့လားမသိ'

လမ်းလျှောက်သွားရင် ၁၀မိနစ်တောင်မကြာတဲ့ အကွာအဝေးဆိုပေမယ့်လည်း မိုးက တော်တော်သည်းနေပြန်သည်။ ဖုန်းခေါ်ကြည့်တော့ ရိပေါ်အခန်းထဲကနေ ringtone သံကြားလာရသည်။ ဖိနပ်ချွတ်က အံဆွဲတွင်တော့ ထီးတွေ နေရာလွတ်မရှိ ကျန်နေခဲ့သည်။

ရှောင်းကျန့်သည် ချက်လက်စ ဟင်းရည်အိုးကို ပိတ်ပြီး ထီးယူကာ အိမ်ကနေ အမြန်ထွက်ခဲ့တော့သည်။ အရင်တုန်းက ကျောင်းအရင်ဆင်းတဲ့ ရိပေါ်က သူ့ဆီ ထီးယူလာပေးခဲ့တာကို အမှတ်ရမိသည်။ ဆက်တိုက် အရင်ကအကြောင်းတွေပဲ ဘာလို့တွေးနေတာလဲဆိုတော့... အဲ့လိုလုပ်မှပဲ ရိပေါ်ရဲ့ သူ့ကြားက သံယောဇဉ်တွေကို ဒီအတိုင်းလေးပဲ ဆက်ထိန်းထားနိုင်မယ်ထင်လို့။ မိုးရွာနေတာကို ထီးလေး ယူလာပေးတာလောက်ကတော့ ဘာမှမဖြစ်လောက်ပါဘူး.. အရင်ကလည်း လုပ်ပေးနေကျပဲ။ ဘာမှမဖြစ်ဘူး ရှောင်းကျန့်။

[completed] Mind the Gap | yizhan Onde histórias criam vida. Descubra agora