3

1.9K 316 11
                                    

Mind the Gap

Written by 선상 (on the dream boat)
Translated by ဂျူးဖက်

*****

[Unicode]

Warning ⚠️ Sexual Contents Alert! Read at your own risks !

မိုးရာသီ ကုန်ပြီး များမကြာမီမှာပဲ တိုင်ဖွန်းတစ်ခု ဝင်သည်။ မေပယ်ရွက်ခြောက်ကလေးတွေ လေပြင်းတစ်ချက်မှာ အုံလိုက် ကြွေကျသွားပုံက ပြဿနာ စမလာခင် သတိပေးခြင်းသက်သက်ပင်။ အပြင်ထွက်မိရင် ထီးရွက်တွေ လန်တက်လို့တက်၊ တိုင်တွေပါ လဲကုန်တာကြောင့် ဟိုဘက်ရပ်ကွက် ကားပါကင်က ကားတွေ ကြေမွကုန်သည်။ ပိတ်ရက်လည်း ဖြစ်နေတာမို့ အပြင်မထွက်ဘဲ အိမ်မှာပဲ နေဖြစ်သည်။

လေတိုက်သံတွေကြား လှုပ်ခါသွားတဲ့ ပြတင်းတံခါးအသံနဲ့အတူ၊ ရှောင်းကျန့်ကတော့ ဧည့်ခန်းထဲတွင် တစ်ယောက်တည်း အာလူးကြော်ထုပ် ကိုင်လျက် သရဲကားကြည့်ရန် ဇာတ်ကားတွေ ရွေးနေလိုက်သည်။ ရိပေါ်ကတော့ အိမ်စာပေးထားတာ လုပ်ဖို့ကျန်သေးတယ်ဆိုတဲ့ ဆင်ခြေပေးပြီး အခန်းထဲက ထွက်မလာရာက၊ တံခါးကြားက မြင်နေရတဲ့ ရှောင်းကျန့်ရဲ့ ပုံရိပ်ကြောင့် နောက်ဆုံးတော့ အပြင်ရောက်လာလေသည်။ ရှောင်းကျန့်က စောင့်နေခဲ့သည့်ပုံနှင့်ပင် အာလူးကြော်ထုပ်ကို ရိပေါ်ဆီ ကမ်းလိုက်သည်။

ဇာတ်လမ်းက သရဲကားဖြစ်တဲ့အပြင် ရွံရှာဖွယ်ကောင်းတဲ့ မြင်ကွင်းတွေ နည်းနည်းပါတာမို့ ရိပေါ်ကတော့ အာလူးကြော်နံံ့လေး ရတာတောင်ပင် ပျို့တက်ချင်လာသည်။ ရင်ဘတ်ထဲတွင် ဗလောင်ဆူလျက် တစ်ယောက်တည်း တိုက်ပွဲဝင်ပြီးနောက် credit စာသားတွေ တန်းစီပေါ်လာတဲ့ ရုပ်ရှင်အပြီးမှာ ရိပေါ်ဟာ ဆိုဖာပေါ် ပက်လက်လန် လဲကျသွားသည်။ သရဲမက ဆံပင်ဖားလျားချပြီး ခြောက်လန့်လာတိုင်း မျက်လုံးကို လုံးဝမှိတ်ချပစ်လိုက်တဲ့ ရိပေါ်ကို ရှောင်းကျန့်က လက်တစ်ဖက်တည်းနဲ့ လှမ်းဖက်ပြီး စနောက်သည်။ ဒီလိုလုပ်တာကို ရိပေါ်က သဘောကျပေမယ့်လည်း ရဲရဲနီပြီး ပြူးထွက်နေတဲ့ မျက်လုံးပိုင်ရှင် သရဲမကို အခုထိ မေ့ဖျောက်လို့မရပေ။ တစ်ယောက်တည်း စားလို့ ကုန်သွားတဲ့ အာလူးကြော်ထုပ်ကို ရှောင်းကျန့်က ဆွဲစုပ်ပြီး ရိပေါ်ကို မေးသည်။

[completed] Mind the Gap | yizhan Tempat cerita menjadi hidup. Temukan sekarang