Part-8/ ကြင်ယာထိန်းနှစ်ဦး သေဆုံးရခြင်း

240 31 0
                                    

Love Story From Defulo (Series-4)
King Sia (Season-2)

Part-8
ကြင်ယာထိန်းနှစ်ဦး သေဆုံးရခြင်း
___________________________

အထိန်းတော်ကြီးက Aita၏ အိမ်သားဖခင်တို့ကို ညနေမိုးညိုချိန်ရောက်သည့်အခါ တိတ်တဆိတ် သွားရောက် တွေ့ဆုံသည် 

"ညက သူတို့နှစ်ယောက် ပုံမှန်အခြေအနေအတိုင်း ပြန်လည် ပေါင်းစည်းခဲ့ကြပါတယ်" 

Aitaအား နန်းတတ်ကြင်ယာအဖြစ် သူ့ဟာသူ လက်သင့်ခံလာစေဖို့ ဖိအားပေးရန် သွားရောက်ပြောဆိုခိုင်း၏

"Aitaက သခင်တော်သခင် ဘဝကနေ သုံးမျိုးစပ်သန္ဓေသားတွေရဲ့ ဒုတိယခန္ဓာကို ကူးပြောင်းသွားပြီး အိမ်တော်ရှင် ဖြစ်သွားပါပြီ။ တော်ဝင်ဆွေမျိုး ဂုဏ်ပုဒ်နဲ့ ဖခင်တွေအတွက် လက်ဆောင် သဝန်လွှာရောက်လာလိမ့်မယ်။"

..... အခုချိန်မှာ သူရဲ့ ပင်ကိုစိတ် ကွယ်ပျောက်နေလို့ ကျွန်တော်မျိုးရဲ့ အရှင်တော်မြတ်ကို စိတ်ပင်ပန်းအောင်လုပ်နေတယ်။ သခင်ကြီးတို့ ဆုံးမပေးပါဦး။"

--------------------------

အိမ်တော်ဖခင်တို့က နန်းတွင်းမှာ အဝင်အထွက်ပြုကာ Aitaအား မျိုးရိုးနာမည်ကို မဖျက်ဆီးရန် နားချသည်

အစ်ကိုဖြစ်သူFuitaကိုယ်စား အိမ်တော်တာဝန်ကိုထမ်းနေရသည့် Aitaတစ်ယောက်၊ သူ့ကြောင့် Fuita သေဆုံးခဲ့ရပြီး အိမ်တော်ခွဲများနှင့် အစေခံမိသားစုဝင်များ အရှင်သခင်မဲ့ခဲ့မှုကြောင့် ဖခင်နှင့် ဘကြီး သခင်တော်ကြီးများ၏ ဖိအားကို မလွန်ဆန်နိုင်ခဲ့ပေ 

ရက်များစွာကြာပြီးနောက် Aitaဟာ Siaနှင့်အတူ နန်းတတ်ရန် သဘောတူခဲ့သည်

----------------------

ကြယ်တာရာ နက္ခတ်တို့ဖြင့် တောက်ပနေသော ညလွန်ချိန်မှာ နတ်နန်းအရှင်တော်က သူတို့နှစ်ဦး၍ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားလျက် တင်းနေအောင် ကတ္တီပါနွယ်စိမ်းကြိုးကို ချည်နှောင်သည့်ခိုက် နွေးသော ရောင်ခြည်ဦးဖြာကျလာ၏

နတ်နန်းကနေ အတူလက်တွဲလျက် ပြန်ထွက်လာချိန် လေထုတွင်း ရွှေမှုံရွှေစတို့ ပျံ့လွှင့်လျက်ရှိ၏။ ပန်းခင်းထားသော နန်းလမ်းကို အရင် လျှောက်လှမ်းရ၏။

Love Story From Defulo (S4), King Sia (Season 2)Where stories live. Discover now