Love Story From Defulo (Series-4)
King Sia (Season-2),Part-12
"ချစ်ရမ္မက်"____________________
"သူ့ကို နည်းနည်းလေးတောင် ရင်းနှီးတယ်လို့ မခံစားရဘူး"
"ကံကြမ္မာရဲ့ လှည့်စားမှုကြောင့်လို့ပဲ တွေးပါအရှင်။ အရှင်က Siaကို အလွန်ချစ်ခဲ့ပါတယ်"
ထိုအခါ Aitaက ခေါင်းခါသည်။
"မဖြစ်နိုင်ဘူး။ ရင်ဘက်ထဲက နှလုံးသားက Siaရဲ့မျက်လုံးကိုမြင်တိုင်း မုန်တိုင်းထန်သလိုပဲ လှုပ်ရှားနေတယ်။.... မကောင်းဆိုးဝါးကပ်နေသလိုပဲ....." ဟု Aitaက စိတ်တို့ ရှုပ်ထွေးနေသော ပုံစံဖြင့် ငြင်း၏
"သူ့ကို မုန်းတယ်။ လွတ်လပ်မှုကို ဖျက်ဆီးတယ်"
"မင်း လွတ်လွတ်လပ်လပ်နေရင် Kuroi လို ဖြစ်သွားမှာပေါ့ အရှင်ရယ်။ သခင်တော်မျိုးရိုး အမွေဆက်ခံမယ့်သူက လွတ်လပ်မှုကို ပျော်မွေ့နေလို့မရဘူးလေ။ နေသင့်သလိုပဲနေရမယ်။"
Aitaက ချစ်စိတ်ကြောင့် လှုပ်ရှားနေသည့် နှလုံးသားကိုတောင် မုန်းလို့လှုပ်ရှားသည်ဟု ထင်နေသည်။
"Siaနဲ့ကျွန်တော်က သူစိမ်းလည်း မဟုတ်ဖူးဆို.... ကျွန်တော်က မွေးကတည်းက ယုတ်ညံ့နေတာ မဟုတ်ဖူးလား:::::"ဟု ဖခင်ဖြစ်သူအား တိုးတိုးလေးဆိုရင်း အသံလေးတွေတုန်ယင်လျက် မျက်ရည်လေး ဝဲကာငိုတော့ ဖခင်ဖြစ်သူ Xuyi၏ နှလုံးသားတို့ အစိတ်စိတ်ကြေသွားသလို ခံစားလိုက်ရသည်
"အို၊ မဟုတ်ပါဘူး ကလေးရယ်"
ကြင်ယာတော်အရှင်က စိတ်မကောင်းစွာ အတူငိုမိရင်း Aitaအား ရင်ခွင်ထဲမှာ ဖက်ထားခဲ့သည်။
"ကလေးက အိမ်ရှေ့စံကိုတောင် ပြောင်းလဲစေတဲ့ ကံကြမ္မာပိုင်ရှင်ပါ:::::"
"အဲ့ဒါကြောင့် ကျွန်တော်က အိမ်ကလူတွေနဲ့ ရင်းရင်းနှီးနှီး မနေရတာလေ::::"
"မဟုတ်ရပါဘူး။ အဲ့လိုမျိုးတွေ မတွေးပါနဲ့။"
"Siaကို ချစ်သူအနေနဲ့ လက်မခံပေးနိုင်ရင် ရှင်ဘုရင်တစ်ပါးအနေနဲ့ လက်သင့်ခံပေးလိုက်လို့ မရဘူးလား။.... လောကရှင်ဘုရင်တစ်ပါးကို ခစားတဲ့အနေနဲ့ သူလိုချင်တာကို လိုက်လျောမှုတွေပေးဖို့ ကြိုးစားလိုက်မယ်ဆိုရင် အရှင်ရဲ့ ရင်ဘက်ထဲက နှလုံးသားလေးလည်း ပျော်ရွှင်ပြီး မနာကျင်ရတော့ဘူးပေါ့....."
YOU ARE READING
Love Story From Defulo (S4), King Sia (Season 2)
Historical FictionLove Story From Defulo (Series-4) // Ongoing