တကယ်တော့ Aita နာမ်ခန္ဓာ အခြေမခိုင်၍ ဖျက်ဆီးရခြင်းက Siaကြောင့် ဖြစ်ခဲ့ခြင်းဟု ဆိုနိုင်သည်
Aita နတ်ခန္ဓာခံယူခါနီးအချိန် ပြင်ပလောကကို မထွက်သွားခင်မှာ Aitaဟာ မိမိကလွဲပြီး အခြားမည်သူ့ကိုမှ ချစ်ခင်နိုင်စွမ်း မရှိနိုင်တော့သည့် Siaအား တစ်ယောက်တည်းထားခဲ့ဖို့ ပူပန်ခဲ့သည်။
ထို့ကြောင့် Yama မင်းကြီးနှင့် အပေးအယူပြုကာ Aitaက သူ၏နှလုံးတွင်းမှ နတ်သန္ဓေများကို Siaအတွက် ထုတ်ပေးခဲ့သည်။ လူသေကိုတောင် အသက်ရှင်စေသည့် နတ်သန္ဓေရှိလျှင် Sia၏ အနာဂတ်နန်းမျိုးဆက်အတွက် စိတ်ပူစရာမလိုသလို Aitaက သန့်စင်သော နန်းမျိုးနန်းနွယ်နှင့် ကြီူမြတိသော ကံကြမ္မာပိုင်ထားသူမို့ ပိုအဆင်ပြေသည်။
ထိုအချိန်က ရရှိခဲ့သော ဒဏ်ရာက နတ်ခန္ဓာသစ် ခံယူလိုက်လျှင် ကုစားနိုင်မှာဖြစ်သော်လည်း Siaကိုမထားခဲ့နိုင်လို့ ခန္ဓာသစ် မခံယူနိုင်ပြန်ပေ
နှစ်ဦးပေါင်းဖက်ပြီး အိမ်တော်အသီးသီးကနေ စွန့်ပစ်ခံရသည့်ဘဝနှင့် သခင်ကြီးKuroi၏ စံအိမ်တွင် အတူနေထိုင်ရာ Siaဟာ ကိုယ်ဝန်ရ၏။
အိမ်ရှေ့စံဘဝနှင့် ကံကြမ္မာလွှမ်းခံရပြီး ကြင်ယာတော်ခန္ဓာပြောင်းစဉ် အပယ်ခံ သန္ဓေကို ကိုယ်ဝန်ရ၍ အဆိုးဝါးဆုံး အခြေအနေရောက်ခဲ့၏
Bakuအား မွေးဖွားပြီး လောကကျိန်စာမိကာ အသက်မသေအောင် ပြင်ပနယ်မြေဖြစ်သည့် မလိခသို့ထွက်ပြေးရစဉ် နှင်းမုန်တိုင်းနှင့် မလိခ၏ ကြမ်းတမ်းသော ရာသီဥတု အခြေအနေကြား ပင်ပန်းဆင်းရဲမှုကို နှစ်ယောက်သား အလူးအလဲခံခဲ့ရသည်
အေးခဲနေသော မုန်တိုင်းကြားမှာ ပါလာသည့် နှလုံးသွေးဥများ ပျက်စီးကုန်၍ Aitaက သူ၏နှလုံးသွေးကို Siaအား ဖောက်တိုက်သည်
သွေးဥဆိုသည်မှာ နှလုံးသား၏ အတွင်းပိုင်းမှ ထုတ်ယူရသည့်အရာမို့ သွေးထဲမှာ သွေးဥတွေပါလာအောင် ဓါးဖြင့် နှစ်ဆင့်ထိုးသွင်း၍ ဒဏ်ရာပိုပြင်းထန်ခဲ့သည်
CZYTASZ
Love Story From Defulo (S4), King Sia (Season 2)
HistoryczneLove Story From Defulo (Series-4) // Ongoing