part-1/ မင်း ငါ့ကို မေ့ပြီလား။

3.4K 330 6
                                    

Siaဟာ သူ့ရဲ့ အကြိမ်ကြိမ် အခါအခါ မေ့မြောခြင်းတွေကနေ ပြန်လည်နိုးထလာတိုင်း ဘဝသစ်မှာ ပြန်လည်မွေးဖွားနေဖို့ ဆုတောင်းခဲ့သည်

သူ့ရဲ့ဆုတောင်းတွေကို ကံကြမ္မာနတ်ဘုရားတွေက ဖြည့်ဆည်းပေးခြင်းမရှိခဲ့ကြပေဘူးလား

သူနိုးထလာတိုင်းမှာ အကျဉ်းထောင်နှင့်တူသည့် လမင်းကြီး၏ အလင်းရောင်ကိုသာ မြင်နေရသည်

လနတ်လောကမှ ဘယ်သောခါမှ မလွတ်နိုင်တော့ဘူးလားလို့ တွေးခဲ့မိသည်

သို့သော်လည်း သူ၏ ခန္ဓာဟာ ယခုတစ်ကြိမ်ပြန်လည် နိုးထလာသည့်အချိန်မှာတော့ သာမန်နှင့်မတူသည့် ထူးခြားသော ခံစားချက်ကို ရရှိသည်

သူ၏ ခန္ဓာနှင့် စိတ်နှစ်လုံးဟာ နွေဦးမှာ ထွက်လာပြီး သန်းခေါင်ယံမှာ လွင့်ကြွေသည့် သစ်ရွက်စိမ်းတို့လို ပေါ့ပါးလန်းဆန်းနေ၏

တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရဖူးသော ကျန်းမာနုပျိုခြင်း၏ အရသာကို သွေးကြောမျှင်များအတွင်းမှ ခံစားခဲ့ရသည်

ဝေဝါးသော အကြည့်တို့ဖြင့် ထထိုင်လျက် သူ၏ဘေးဘီကို ဝေ့ဝဲလျက်ကြည့်တော့မှ သူဟာ အပြာရောင် ရေခဲစက်ခုံပေါ်တွင် အိပ်စက်နေခဲ့သည်မှာ ဆယ်နှစ်ရှိပြီဟု သိရ၏

သူဘေးတွင် သူနိုးထလာမည့်အချိန်ကို စောင့်ဆိုင်းနေသည့် ရွှေအိုရောင်အဆင့်နှင့် နတ်မျိုးနွယ်တို့ဟာ သန်းနှင့်ချီဝန်းရံလျက် စောင့်ဆိုင်းနေကြ၏

"လနတ်ဘုရား၏ သားတော်၊ လောကနတ်အရှင်ရဲ့ ဘဝကံကြမ္မာသစ် အလုံးစုံ ပြန်လည်သက်ဝင်လာခဲ့ပါပြီ။ ဤလောက၏ အသက်ဝိဉာဉ် ကျိန်စာတို့ကို ထိန်းသိမ်းပေးတော်မှုပါ" ဟု တပြိုင်တည်းရွတ်ဆိုလျက် သူ့ကိုအရိုအသေပြုကြသည်။

တိမ်ယံနှင့်တူသော သန့်စင်သည့် သမုဒယနတ်လောကယံမှာ သူပြန်လည်နိုးထလာခိုက် လှုပ်ခုန်နေသော သူ၏နှလုံးသားက မမေ့မလျော့ တစ်ယောက်သောသူကိုသာ သတိရခဲ့မိသည်

သို့သော် ရင့်ကျက်သော သူ၏မသိစိတ်က နှုတ်ကနေ မဖွင့်ဟ မြန်းခြင်းမပြုမိခဲ့ပေ

"ဖခင်ရော---"

Siaဟာ လေးလံနေသော မေးခွန်းအား နတ်နန်းသခင်တော်က ပြန်လည်ဖြေကြား၏

Love Story From Defulo (S4), King Sia (Season 2)Donde viven las historias. Descúbrelo ahora