အရှင့်ရဲ့သခင် (MOL-12) Z&U

352 41 20
                                    

#မျှော်လင့်မိသူ

နောက်ရက်အလုပ်လာချိန် ကားဂိတ်မှာJimကိုစောင့်ရင်း တညလုံးအိပ်ရေးပျက်အောင်နားထဲစွဲနေတဲ့အသံပိုင်ရှင်အကြောင်း Aeတစ်ယောက်စဉ်းစားခန်းဖွင့်နေမိသည်။ သူဘယ်သူလဲ Jimနဲ့ဘယ်လိုပတ်သတ်မှန်းမသိ။ အလုပ်အကြောင်းပြန်ပြောနေကြပုံကတော့ သူတို့လုပ်ငန်းနဲ့ပတ်သတ်နေသူတစ်ဦးဖြစ်လောက်သည်။ အတွေးပွားနေတုန်း Jimရဲ့ကားထိုးရပ်လာတော့ တစ်ဖက်ကိုသွားပြီကားပေါ်တက်လိုက်ချိန် car audioမှထွက်လာတဲ့အသံချိုချိုလေး...

"အင်း အဲ့ဒါဆိုရင် သူတို့ဖက်ကအကြီးအကဲတွေနဲ့သေချာပြန်ချိတ် ငါတို့ဖက်ကလိုချင်တဲ့ပုံစံကိုပြောပြ သူတို့လုပ်နိုင်မလား အချိန်ဘယ်လောက်ယူမလဲဆိုတာပါမေး... အချိန်အရမ်းကြာနိုင်မယ်ဆိုရင်တော့ ငါတို့အတွက်အဆင်မပြေဘူးဆိုတာမင်းသိတယ်မဟုတ်လား သူတို့ကိုနားလည်အောင်ပြော"

"ငါသိပါတယ်ကွာ ငါလဲပြောထားပါတယ် မင်းလိုချင်တဲ့ပုံစံကိုmailပို့ထားလိုက်လေ ငါသူတို့ဆီလွှဲပေးမယ်"

"အိုကေ နောက်လိုတာရှိရင် ငါဖုန်းပြန်ဆက်မယ်"

"အိုကေ အိုကေ"

ဆက်ကြာချင်နေသေးတဲ့အသံလေးက car audioဆီမှတီဆိုတဲ့အသံကြောင့် နှမြောတသငေးကြည့်နေမိသည်။

"Ae... ကိုယ်တို့ရုံးရောက်ရင် မနေ့ကသွားခဲ့တဲ့အလုပ်အကြောင်း meetingထိုင်ရအောင်လို့ အချက်အလက်တွေစုထားပေးပါ လိုတာလေးတွေထပ်ထည့်မှာမို့လို့"

Jimအသံကြားမှသတိပြန်ကပ်လာကာ...

"မနေ့ကကျွန်တော်တို့ဆွေနွေးသလောက်ကတော့ အားလုံးပြည့်စုံနေတာပဲ ဘာများလိုအပ်သေးလို့လဲJim"

"အင်း ကိုယ့်အမြင်ကလဲမင်းနဲ့တူတူပဲ ဒါပေမယ့်လိုအပ်တယ်လို့ထင်နေတဲ့သူကရှိနေတယ်ကွာ အဲ့အတွက်ထပ်ပြီတိုင်ပင်ရမှာ"

အဲ့လူကဘယ်သူလဲလို့မေးလိုက်ချင်ပေမယ့် ကိုယ်အနေအထားအရဆင်ခြင်သင့်တာမို့...

"အိုကေ ကျွန်တော်ရုံးရောက်တာနဲ့ အဆင်သင့်ပြင်ထားပေးပါမယ်"

ရုံးရောက်တာနဲ့အချက်အလက်တွေစုပြီ သက်ဆိုင်ရာဌာနကသူတွေခေါ်ကာ လိုအပ်တာတွေဖြည့်စွက်ပြီ တစ်ဖက်ကအဖွဲ့အစည်းနဲ့ online meetingတစ်ခါတည်ထိုင်ကာ ဆုံးဖြတ်ချက်ယူပြီမှ meetingကိုအဆုံးသတ်ချိန်မှာတော့ နေ့လည်စာချိန်ပင်ကျော်လွန်နေပြီ...။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Jan 17, 2021 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

Master Of Lord (အရှင့်ရဲ့သခင်)Nơi câu chuyện tồn tại. Hãy khám phá bây giờ