#စောင့်ရှောက်ကာကွယ်မဲ့သူ(၂)
"အား... မလိုက်သွားဘူး မလိုက်ချင်ဘူး ဘာလို့လိုက်ရမှာလဲ သားတောင်ကကိုယ်နန်းဆောင်ပဲကိုယ်ပြန်နေမှာပေါ့ မလိုက်ပါဘူး မလိုက်ဘူး လုံးဝမလိုက်ဘူးနော်"
ကျောက်စိမ်းကျောင်းတော်ရှေ့ ကလေးငယ်တစ်ယောက် အော်ဟစ်ငိုယိုလို့နေသည်။
"မလိုက်လို့မရဘူးလေးသားတော်ကဲ့ ခမည်းတော်တို့ကအကုန်စကားပြောပြီကုန်ကြပြီ"
"အဲ့ဒါခမည်းတော်တို့ကိုယ်တိုင်ဆုံးဖြတ်တာလေ သားတော်ဆန္ဒမှမပါတာ သားတော်ကငယ်ငယ်လေးရှိသေးတာကို ဘာလို့သူတို့ဗိမ္မာန်ဆီသွားနေခိုင်းတာလဲ"
"အိမ်ရှေ့စံလေးက သားတော်ကိုခုကတည်းကခေါ်ထားပြီ ကြင်ယာတော်တွေရဲ့အတက်ပညာတွေ တခြားသောပညာရပ်တွေကိုပါသင်ပေးချင်လို့တဲ့ အဲ့ဒါတွေစုံလင်သွားပြီ သားတော်လဲအရွယ်ရောက်ပြီဆိုတာနဲ့ ကြင်ယာတော်ခန့်အပ်မှာတဲ့"
"သူခန့်ချင်ရင်တခြားသူတွေခန့်ပါလာ ဘာလို့သားတော်မှလဲ သားတော်ကသူကိုသဘောလဲမကျဘူး ပြီတော့ ဒီကျောင်းတော်ရောက်မှမြင်ဖူးတာကို ချက်ချင်းကြီးဘာလို့သားတော်ကိုရွေးတာလဲ"
"ဒါကတော့ အိမ်ရှေ့စံလေးကိုမေးမှပဲရမယ်သားတော်"
"ခမည်းတော်တို့ကဘာမှမသိပဲ ဘာလို့သားတော်ကိုသူနဲ့သဘောတူရတာလဲ ဘာလဲသူကအိမ်ရှေ့စံတစ်ယောက်မို့ သားတော်သူနဲ့လက်ဆက်ရင် မျိုးနွယ်အတွက်ပိုပြီဂုဏ်ရှိမှာမို့လို့လား... သူကအိမ်ရှေ့စံဖြစ်ပေမယ့် အရှင်တစ်ပါးဖြစ်လာဖို့သေမှမသေချာသေးတာကို ခမည်းတော်တို့ကဘာလို့အဲ့ဂုဏ်တွေမက်နေတာလဲ"
"သားတော်!!!!"
Saintစိတ်ပေါက်ပေါက်နှင့် ဘာမှမဆင်ခြင်နိုင်တော့ပဲ ဒေါသတွေအကုန်ဖွင့်ထုတ်လိုက်မိတော့ ခမည်းတော်ထံမှရော တချိန်လုံးငြိမ်နေတဲ့မယ်တော်ထံမှပါ အော်ငေါက်သံထွက်လာခဲ့သည်။
"သားတော်လေး စကားကိုဆင်ခြင်ပြောစမ်း အိမ်ရှေ့စံလေးကခပ်လှမ်းလှမ်းမှာရှိနေပေမယ့် သူကြားရတယ်သားတော်"
BẠN ĐANG ĐỌC
Master Of Lord (အရှင့်ရဲ့သခင်)
FanfictionZawgyi မျိုးနွယ်စုအားလုံးရဲ့အရှင်ဖြစ်ဖို့က ငါ့ဘဝရဲ့တာဝန်ကြီးတစ်ခုမို့ နှလုံးသားရေးရာကိုဘေးဖယ်ထားခဲ့ပေမယ် ငါ့နှလုံးသားရဲ့သခင်ကမင်းပဲ... #အရှင် ငယ်ရွယ်စဉ်ကတည်းကကိုယ်အပေါ်အချိန်မပေးနိုင်ပဲ သိမ်းပိုက်ချုပ်နှောင်ထားခံရတဲ့ဘဝ လွတ်မြှောက်ဖို့ကြံရွယ်မိတော့ ဘဝ...