#သူမသိအောင်
Aeတစ်ယောက်လျှောက်လှမ်းလာရင်း ခေါင်းမော့ကြည့်လိုက်တော့ မဆုံးနိုင်သေးတဲ့တောင်တက်လမ်းကိုကြည့်ပြီ လိုက်မိတာမှားပြီလာတောင်တွေးမိတဲ့အဖြစ်... Pondတားတဲ့အချိန်ကတည်းက စာရင်းမပေးပဲနေလိုက်ရမှာ ခုတော့... သူတင်မကPondပါပင်ပန်းရပြီ။ အဖြစ်ပျက်အစက လွန်ခဲ့တဲ့တစ်ပတ်ခန့်က...
Flash back...
Aeတို့စာသင်ခန်းထဲဆရာအလာကိုထိုင်စောင့်နေတုန်း ကျောင်းသားခေါင်းဆောင်အဖွဲ့ဝင်လာကြသည်။
"အားလုံးပဲခနနားထောင်ပေး... ငါတို့နောက်ဆုံးနှစ်သမားတွေစုပြီ အမှတ်တရခရီးလေးတစ်ခုထွက်ဖို့စီစဉ်ထားတယ်... ပျှော်ပွဲစားခရီးများကွာ နှစ်တိုင်းထွက်နေတာပဲဆိုပြီမတွေးကြနဲ့နော် ခုကနောက်ဆုံးနှစ်မို့ ပိုပြီအမှတ်တရဖြစ်အောင် အရင်နှစ်တွေတုန်းကလိုကမ်းခြေမသွားတော့ပဲ တောင်ပေါ်တက်ကြမလို့..."
ခရီးထွက်မယ်ဆိုတဲ့စကားကြားတော့ နှစ်တိုင်းကမ်းခြေပဲသွားနေကြမို့ စိတ်မပါပဲမလိုက်ပဲနေခဲ့တာ ဒီနှစ်လဲမလိုက်ဖို့ဆုံးဖြတ်ထားတဲ့Ae... တောင်ပေါ်တက်ကြမယ်ဆိုတဲ့အသံကြားတာနှင့် မျက်ဝန်းများလင်းလက်သွားကာ ပထမကစိတ်မပါတပါနားထောင်နေရာမှ ကိုယ်နေထားပါပြင်ပြီ သေချာအာရုံစိုက်နာထောင်းမိတဲ့အထိ...
"တောင်ပေါ်တက်တော့ကွာ ပင်ပန်းကြမယ်ဆိုတာသိတယ် ဒါပေမယ့် အဲ့လိုအချိန်မှာအချင်းချင်းကူညီပြီတွဲခေါ်သွားကြရင် ဘယ်လောက်ပျော်စရာကောင်းမလဲ ပိုပြီအမှတ်တရဖြစ်တယ်"
"အာ့ဒါဆို ဘယ်တောင်ကိုတက်ကြမှာလဲ"
Aeသိချင်နေတဲ့မေးခွန်းကို တခြားတစ်ယောက်ကဝင်မေးပေးသွားခဲ့သည်။
"အင်း အဲ့မေးခွန်းကိုဖြေချင်နေတာ... တောင်တက်ရမှာမို့စိတ်မဝင်စားတဲ့သူတွေ ဒီမေးခွန်းရဲ့အဖြေကြားရင် ချက်ခြင်းလိုက်သွားချင်ကြမှာ"
"ပြောမှာဖြစ်မြန်မြန်ပြောပါ စကားကခံနေရသေးတယ်"
"အေးလေ ဟုတ်ပါ့"
"အေးပါ အေးပါ ပြောပါ့မယ်ဟာ... အော်လိုက်ကြတာ... ငါတို့ခုသွားမဲ့တောင်က ဆယ်နှစ်လရာသီလုံးအမြဲစိမ်းစိုနေပြီ လေထုထဲမှာလဲအမြဲတမ်းမွှေးပြန့်တဲ့ရနံ့တွေရနေတက်တယ်... တောင်ပေါ်မှာဆိုလဲသဘာဝဖန်ဆင်းပေးထားတဲ့ လှပတဲ့ပန်းခင်းကြီးနဲ့ လှပတဲ့ရေတံခွန်ကြီးတစ်ခုလဲရှိတယ်... ပါးစပ်ရာဇဝင်တွေအရတော့ အဲ့ရေတံခွန်ကြီးကရေတွေက အဲ့တောင်ကိုအပိုင်းစားရတဲ့နတ်စုံတွဲရဲ့အချစ်တွေကိုဖော်ပြနေတာတဲ့... ပြောချင်တာကကွာ သူတို့ထဲကတစ်ယောက်ယောက်ဖောက်ပြန်ခဲ့ရင်... တစ်ယောက်အပေါ်တစ်ယောက်အချစ်လျော့သွားရင်... အဲ့ရေတံခွန်ကအလိုလိုခမ်းခြောက်သွားတက်တယ်တဲ့ လူကြီးတွေဆီကငါကြားဖူးတာပဲ ပါးစပ်ရာဇဝင်ပေါ့ ခုချိန်ထိတော့ရေတံခွန်ကရေတွေ အဆင်မပြတ်စီးဆင်းနေတုန်းပဲ... တချို့ဆိုပြောကြတယ် အဲ့တောင်ပေါ်မှာနတ်စုံတွဲရဲ့ဗိမ္မာန်ရှိတယ်ဆိုပြီ... ဘယ်သူမှတော့မတွေ့ဖူးကြသေးဘူး"
ВЫ ЧИТАЕТЕ
Master Of Lord (အရှင့်ရဲ့သခင်)
ФанфикZawgyi မျိုးနွယ်စုအားလုံးရဲ့အရှင်ဖြစ်ဖို့က ငါ့ဘဝရဲ့တာဝန်ကြီးတစ်ခုမို့ နှလုံးသားရေးရာကိုဘေးဖယ်ထားခဲ့ပေမယ် ငါ့နှလုံးသားရဲ့သခင်ကမင်းပဲ... #အရှင် ငယ်ရွယ်စဉ်ကတည်းကကိုယ်အပေါ်အချိန်မပေးနိုင်ပဲ သိမ်းပိုက်ချုပ်နှောင်ထားခံရတဲ့ဘဝ လွတ်မြှောက်ဖို့ကြံရွယ်မိတော့ ဘဝ...