part.2.zgi

1.4K 44 0
                                    

Me and my two boyfriends

Part. 2

‌မိုက်ကယ်လန်းဗတ်

ရွှေလိုဝါဝင်းသောအသားအရေ ကကြီးပုံနဖူးပြင်ကျယ်နဲ့ မျက်ခုံးထူထူ ခပ်ကျယ်ကျယ်မျက်ဝန်းညိုများဟာ သူရဲ့တောင့်တင်းတဲ့ကိုယ်ဟန်နဲ့လိုက်ဖက်လွန်းနေတယ်

သူမကိုနှုတ်ဆက်လိုက်တဲ့နှုတ်ခမ်းပါးပါးကား စကားသံတွေဟာလဲ ဩရှပြီးယောကျာ်းပီသစွာ

စကားပြောလိုက်တိုင်းလှုတ်ခတ်သွားတတ်တဲ့ လေးထောင့်ပုံမေးရိုးနဲ့ အာဒံပန်းသီးလေးကလဲ ဒီလူကို‌ပိုပြီးချောမောအောင်ပြုလုပ်ပေးနေတယ်

"မတွေ့တာတောင်အတော်ကြာပေါ့ မနက်ပတင် ရှင့်ရဲ့ သတင်းကိုဖတ်လိုက်ရသေးတယ် အခုလိုလူအကောင်လိုက်ကြီးတွေ့တဲ့အထိအောင်ကံကောင်းလိမ့်မယ်လို့တောင်မထင်ခဲ့ဘူး ဟားဟား မင်းသားကြီး ကျွန်မကိုလက်မှတ်လေးထိုးပေးလို့ရမလား ရှင့်ရဲ့ပရိတ်သတ်‌တစ်ယောက်ပါရှင့်"
"အဟွန်း မင်းလဲမ‌တွေ့ရတာအ‌တော်ကြာလို့လားမသိဘူး တော်တော်လှလာတယ် ပြီးတော့ ကိုယ်က မင်းသားကြီးမဟုတ်ရပါဘူးဗျာ ကိုယ့်ရဲ့ဂုဏ်သတင်းသာ မင်းရဲ့ဂုဏ်သတင်းလောက်လဲမကျော်ဇောပါဘူး "
"အိုးးး တို့က တိတ်တိတ်လေးနေတာပါနော် ဘယ်ကလာတိုင်းသိပြည်သိဖြစ်နိုင်မှာလဲ"
"ကဲ ဟုတ်ပါပြီဗျာ ထားပါတော့ ဒါနဲ့ နွေက ဘယ်ကိုသွားမှာလဲ ပြင်ထားဆင်ထားတာ မင်းသမီးရှုံးလောက်တယ်ဆိုတော့ မဟုတ်မှာရည်းစားနဲ့သွားချိန်းမလို့လား"
"တို့က soloပါနော် သူ့လို ရုပ်ရှင်မင်းသမီးတွေနဲ့တချိန်လုံးသတင်းထွက်နေတယ်များထင်တာလား"
"မဟုတ်ရပါဘူးဗျာ အဲ့ဒါတွေက ပါပါရာဇ်ီတွေလျောက်ဖွတဲ့သတင်းတွေပါ "
"တို့ကလဲ ဘာမှမပြောပါဘူး"
"ဒါနဲ့ မင်းရဲ့ဖုန်းန့ပါတ်ပြောင်းသွားတာလား "
"ဟုတ်တယ် ဖုန်းရေထဲကျသွားတာ ပြန်ကိုမရတော့ဘူး အဲ့ထဲကသူငယ်ချင်းတွေနဲ့အဆက်ပြတ်သွားတာအခုထိပဲ ရှင်အပါအဝင်ပေါ့"
"ဒါဆိုလဲ ညစာစားရင်းစကားပြောကြရအောင်လေ ရှေးဟောင်းနှောင်းဖြစ်လေးတွေပေါ့ နွေစိတ်ပါရဲ့လား"
"ကောင်းသားပဲ "
"ဟုတ်ပြီ ဒါဆို ကိုယ်စီစဉ်ထားလိုက်မယ် ကိုယ့်ကိုမင်းဖုန်းနံပါတ်ပေးပါလား "
"09...........အဲ့ဒါ တို့ဖုန်းနံပါတ်ပဲ "
"ကောင်းပြီ ည မှတွေ့ကြမယ် see u နော်"
"Bye see u "

(Complete)me and my two boyfriends .Normal. (Uni&Zgi ) Oc.Where stories live. Discover now