part.44. final part.

5.3K 79 21
                                    

Me and my two boyfriends

Part .44. final part.

နံနက်ခင်းသတင်းအစီအစဉ်မှာကြေငြာနေတဲ့သတင်းတရပ်ကြောင့် ဇေယျာသီရိနိုင်ငံရဲ့ ပြည်သူလူထုတရပ်လုံးငိုကြွေးနေကြတယ်

"နိုင်ငံကျော်သရုပ်ဆောင် မိုက်ကယ်လန်းဗတ်ခေါ်ဇေယျာမင်းညိုဟာ ယနေ့နံနက်သုံးနာရီအချိန် တွင် သီရိမာလာဆေးရုံတွင်ကွယ်လွန်ခဲ့ကြောင်းသိရပါတယ် ပြည်သူတရပ်လုံးကိုယ်စားကောင်းရာသုတဂိလားပါစေကြောင်း ကျွန်မတို့  chanal A မှ ဆုတောင်းပေးလိုက်ပါတယ်ရှင့်"

ဒိလိုသတင်းတွေလာတာကြာနေပြီ

ထက်ရှိန်း TVကိုပိတ်လိုက်ပြီး အခန်းထဲကမေ့မျောနေတဲ့ သူ့မမကိုကြည့်လိုက်တယ်

ကံတရားက သူတို့သုံးယောက်ဖြစ်နေတာကိုမမြင်ချင်များဖြစ်နေတာလား

ဘယ်အတွက်ကြောင့် သူ့တို့ရဲ့ငြိမ်းချမ်းတဲ့ဘဝလေးက ယခုလိုကြမ်းတမ်းတဲ့မုန်တိုင်းဝင်ရောက်တိုက်ခတ်သွားတာလဲ

ရက်စက်လွန်းလှတယ်

ရက်စက်လွန်းလှပါတယ်

"ဒေါက် ဒေါက်"
"ဝင်လာပါခင်ဗျ"

အဖြူရောင်ဂျုတီကုတ်ဝတ်ဆင်ထားတဲ့ ‌ဒေါက်တာတစ်ယောက်က သူ့တို့ရှိရာအခန်းထဲဝင်လာခဲ့တယ်

"သူငယ်ချင်း မမအခြေအနေဘယ်လိုလဲ"
"အင်း ပြောရခက်တယ် သာမာန်နည်းနဲ့ကိုယ်ဝန်ဆောင်ထားတာမဟုတ်လို့ ပျက်ကျနိုင်‌ေြခများနေတယ် ထက်ရှိန်း မင်းစိတ်ကိုပြင်ဆင်ထားဖို့တော့လိုမယ် "
"မမအခြေအနေကရော "
"မင်းမမကတော့ နိုးလာမှ ပြန်စစ်ဆေးပေးရမှာပဲ။သားဖွားမီးယပ်ငှာနကိုပဲလွဲပေးလိုက်။ငါသေချာ‌စစ်ဆေးပေးမယ်"
"ကျေးဇူးပါကွာ"
"ရပါတယ်ကွာ မင်း‌ေရာအဆင်ပြေလား "
"ပြေပါတယ် ငါ့မမကိုပဲသနားနေတာ သူတော်တော်လန့်သွားမှာ"
"ဟုတ်ပ သေချာဂရုစိုက်ပေးလိုက်ပါကွာ"

တကယ်ကိုပဲ ဒေ့တစ်ယောက် သူမရဲ့အိမ်မက်တွေမှာ အဖြုရောင်အလင်းတစကိုဆုပ်ကိုင်ဖို့ကြိုးစားလို့နေတယ်

အနက်ရောင်မြက်ခင်းပြင်ပေါ်ခြေစုံရပ်နေရင်း သူမပိုင်ဆိုင်လိုတဲ့ အလင်းတစကိုမက်မောစွာ တွယ်ဆက်လို့နေတယ်

(Complete)me and my two boyfriends .Normal. (Uni&Zgi ) Oc.Where stories live. Discover now