part.3 uni

2.3K 102 0
                                    

Me and my two boyfriends

Part.3

ဇေယျမင်းညို မှန်ပြတင်းအပြင်မှတွေ့ရသော အစက်အပျောက်လေးများလိုဖြစ်နေသော တရွေ့ရွေ့သွားနေတဲ့ကားတန်းကြီးကိုကြည့်ရင်း ဟိုးအရင်ငါးနှစ်ကိုပြန်ရောက်‌ေနခဲ့တယ်

သူတိတ်တခိုးချစ်နေတဲ့ကောင်မလေးကို လှပတင့်တယ်ပြီးရင့်ကျက်သောမိန်းမပျိုအဖြစ် ရုတ်တရက်ပြန်တွေ့ခဲ့ရလိမ့်မယ်လို့မတွေးခဲ့ဖူး

သူမအကြောင်းကိုနားစွင့်ကာ အမြဲတမ်းတွေးနေခဲ့မိပေမဲ့ ဒီနေ့မှပဲတိုက်တိုက်ဆိုင်ဆိုင်လာဆုံခဲ့တယ်

အဲ့ဒါက သူ့အတွက် စီမံပေးတဲ့ ကံတရားရဲ့မျက်နှာလိုက်မူ့လား

တကယ်ကိုပဲ သူမအရမ်းလှလာပြီး အရမ်းလဲ စမတ်ကျလာခဲ့တယ်

အတွင်းခန်းကငါးနှစ်လောက်ငြိမ်သက်နေတဲ့နှလုံးသားလေးဟာလဲ သူမကြောင့် ထပ်တခါအသက်ဝင်လှုပ်ရှားလာခဲ့ပြီ

"အဟွန်း"

အမြဲတည်တံ့နေခဲ့တဲ့ သူရဲ့မျက်နှာမှာ အပြုံးတခုဟာ လှစ်ခနဲပေါ်ပေါက်လာခဲ့တယ်

တလောကလုံးတောက်ပသွားလို့ စားသောက်ဆိုင်မှာရှိနေကြတဲ့မိန်းမပျိုတွေအားလုံးရဲ့နှလုံးသားလဲအထိမခံပဲပဲ့ကြွေသွားတော့တယ်

"တချို့သောသူတွေကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ဆွဲဆောင်မူ့ အလွန်အားကောင်းနေတော့တာပဲနော် "

သူ့အားမျက်စောင်းလှလှလေးတချက်ထိုးကာ ပြောလာတဲ့ နွေကြောင့် သူ့ရဲ့ရင်ကတခါထပ်ပြီးခုန်လှုပ်သွားရပြန်တယ်

ဒိမျက်စောင်းလေးလှလှ‌ေလးကိုပိုင်တဲ့သူနဲ့သာ တသက်လုံးနေရမယ်ဆိုရင် သူဒီတသက်တော့အိုမှာမဟုတ်တော့ဘူး

ပေါင်လည်လောက်သာရှိပြီး အပြာရောင်ဂါဝန်လက်ပြတ်ကို ဝတ်ဆင်ထားတဲ့သူမဟာ ညနေဆည်းဆာရဲ့အလှကြောင့်ပိုမိုလှပလို့နေတယ်

"ထိုင် နွေ "
"ရောက်တာကြာပြီလား "
"မကြာသေးပါဘူး "

ဝိတ်တာလေးအား ပြင်သစ်စတိုင်အစားအသောက် တဆက်စာမှာလိုက်ပြီး အရင်လာချပေးတဲ့ဝိုင်ကိုနှစ်ယောက်သားအရင်မြည်းစမ်းကြည့်လိုက်ကြတယ်

(Complete)me and my two boyfriends .Normal. (Uni&Zgi ) Oc.Où les histoires vivent. Découvrez maintenant