part .39.

2.3K 64 0
                                    

Me and my two boyfriends

Part.39

"ညီမလေး မင်းတကယ်မပြောတော့ဘူးလား ဒီအတိုင်းထားလိုက်တော့မှာလား"

Sam ရဲ့အမေးကို ဒေ့ဗ် ဘာမှပြန်မဖြေနိုင်ရှာ

ခပ်ဝေးဝေးမှာ အရုပ်တွေနဲ့ထိုင်ဆော့နေတဲ့ Taex ကိုကြည့်လိုက်ရင်းမှ လေယာဉ်ပေါ်ကအဖြစ်အပျက်ကိုပြန်‌ေတွးမိသွားခဲ့တယ်

ထက်ရှိန်းရဲ့ စကားပြောတတ်တဲ့မျက်ဝန်းတွေက အဲ့ဒီလောက်ကြောက်စရာကောင်းလာလိမ့်မယ်လို့ သူမ မယုံကြည်နိုင်ခဲ့

မုန်းတီးခြင်းများစွာသိုဝှက်ထားတဲ့ အဲ့ဒီမျက်ဝန်းတွေဟာ သူမကွယ်ရာမှာ ငြိမ်းချမ်းသလောက် သူမရှေ့ရောက်လာခဲ့တော့ သားကောင်ကိုရှာတွေ့သွားတဲ့ ဝံပုလွေတစ်ကောင်လိုမျိုး ရက်စက်သွားခဲ့တယ်

ညှာတာခြင်းမရှိ ကြမ်းတမ်းခြင်းအတိနဲ့ ထက်ရှိန်း

ရိုင်းစိုင်းခြင်းအပြည့်နဲ့ ဆာလောင်နေတဲ့ထက်ရှိန်း

အတိတ်တုန်းက နာခံတတ်တဲ့ ထက်ရှိန်းကဘယ်မှာပါလဲ

ဖြူစင်ပြီး ကာကွယ်ပေးလိုစိတ‌်တွေဖြစ်စေခဲ့ဖူးတဲ့ ထက်ရှိန်းက ဘယ်မှာပါလဲ

သူမကြောင့် ပြောင်းလဲသွားခဲ့တာလား

သူ့ဘဝဟာ

သူမကြောင့်များ  ....... ဖျက်ဆီးခံလိုက်ရပြီလား

ထက်ရှိန်းတောင်ဒီလိုမုန်းတီးနေရင် မင်းညိုကရော ဘယ်လိုပုံမျိုးဖြစ်နေပါပြီလဲ.,......

"ကိုကို နင်ပြောကြည့် လွန်ခဲ့တဲ့သံုးနှစ်က မင်းညိုပြောတဲ့နည်းလမ်းအတိုင်းသာလုပ်ခဲ့မယ်ဆိုရင်ရော ညီမတို့သုံးယောက် အခုချိန် ပျော်နေလောက်လား "

"ဘယ်လိုဖြစ်နိုင်မှာလဲ အိမ်ထောင်ဆိုတဲ့ကြိုးနဲ့ချည်ထားခြင်းခံရတဲ့ ညီမလေးနဲ့မင်းညိုတင်မက စည်းဝိုင်းအပြင်က ထက်ရှိန်းရော နှစ်ဖက်အသိုင်းအဝိုင်းနှစ်ခုစလုံးကရော အကုန်နာကျင်ရမဲ့သူတွေချည်းပဲ ညီမလေးရဲ့နှလုံးသားမှာ တစ်ယောက်ထဲကိုပဲနေရာပေးထားတာမှမဟုတ်ပဲ နှစ်ယောက်လုံးရှိနေမှတော့ ဒီနည်းလမ်းကအကောင်းဆုံးဖြစ်မှာပါ "

(Complete)me and my two boyfriends .Normal. (Uni&Zgi ) Oc.Where stories live. Discover now