လီရှင်းရန် သူကို အတင်းဆွဲကာခေါ်သွားပြီး တစ်ကိုယ်လုံးနာကျင်ကာ နိုးလာရသောကြောင့် စိတ်တိုနေသည်။
[ရှင်းစမ်းပါဦး system]
[ဒါက host ဝိညာဉ်နဲ့ အံမဝင်သေးလို့ ဖြစ်နေတာ ကျွန်တော့်ကို အပြစ်မတင်နဲ့ ဇာတ်ကြောင်းလွဲပေးမယ်]
Systemရဲ့ စကားအဆုံး သူ့ရဲ့ ရှေ့မှာ screen တစ်ခု ပေါ်လာသောကြောင့် ခဏနေက ကိစ္စကိုအသာထားက ဖတ်ကြည့်လိုက်သည်။
[မင်းမှတ်ထားနော် မှတ်ထား မင်းအလှည့်ကျရင်တော့ တွေ့မယ်]ဒီကမ္ဘာမှာ ဇာတ်လိုက်က MO ကုမ္ပဏီရဲ့ CEO ပိုင်ဖန်းရွယ်၊ သူက ငယ်ငယ်ကတည်းက မိဘတွေရဲ့ ပြစ်ပယ်မှုကို ခံခဲ့ရတယ်။ သူ့မိဘတွေက စီးပွားရေးကိုပဲ ဦးစားပေးပြီး ငယ်ရွယ်တဲ့ ကလေးကို မေတ္တာတွေ မပေးခဲ့ကြဘူး။ အဲ့လိုနဲ့ ကြီးပျင်းလာတဲ့ ဇာတ်လိုက်က အချစ်ဆိုတာ ဘာလဲတောင်မသိခဲ့ဘူး။ ဒါ့အပြင် သူ့ကိုပထမဆုံး မေတ္တာတွေပေးခဲ့တဲ့ သူကလည်း သူ့ကိုထားသွားတယ်။ အဲ့နောက်ပိုင်း ဇာတ်လိုက်က အေးစက်လာတယ်၊ ရက်စက်လာတယ်။ ဒါကြောင့် ဇာတ်လိုက်ကို သူ့ပတ်ဝန်းကျင်က လူတွေက ခပ်ခွာခွာနေကြတယ်။ အောင်မြင်နေတဲ့ လူတစ်ယောက်ကို မနာလိုတဲ့ သူဆိုတာ ရှိစမြဲပါပဲ။ တစ်နေ့ သူ့ကို မကျေနပ်တဲ့ သူတစ်ယောက်ရဲ့ လက်ချက်ကြောင့် accident တစ်ခုဖြစ်ကာ သူ့အောက်ပိုင်းက သေသွားတယ်။ ဒါပေမဲ့ ဇာတ်လိုက်တို့ရဲ့ သဘာဝအတိုင်း အဲ့သတင်းကို အပြင်ကို မထွက်အောင် ထိန်းထားခဲ့တယ်။ သူက သူ့ရောဂါကို ကုသဖို့ nurse ငှါးပြီး သူ့ရောဂါကို တိတ်ဆိတ်စွာကုခဲ့တယ်။ ဒါပေမဲ့ သူရဲ့ အေးစက်မှုနဲ့ ဒေါသကို မခံနိုင်သောကြောင့် အရင်က ငှါးလာတဲ့ nurseတွေက အလုပ်ထွက်ကာ ပြေးကုန်ကြတယ်။ အဲ့လိုနဲ့ ဇာတ်လိုက်မ ပေ့အန်းရှင်းက အဲ့အိမ်ကို ရောက်လာခဲ့တယ်။ သူမကအရင် nurseတွေ ဘာကြောင့်အလုပ်ထွက်သွားလဲဆိုတာကို သိတော့ အဲလူတွေ လိုမလုပ်မိအောင်နေတယ်။ သူမရဲ့ အမေကြောင့် သူသည်းခံကာ နေရင်းကနေ ဇာတ်လိုက်ကို ကြိုက်လာတယ်။ ဒါပေမဲ့ အလုပ်ရှင်နဲ့ အလုပ်သမားဆိုတဲ့ စည်းကိုခြားကာ အလုပ်ခဲ့တယ်။ ဇာတ်လိုက်မကြောင့် ဇာတ်လိုက်က စိတ်တွေ တဖြည်းဖြည်း နုညံလာကာ အတိတ်က တစ်စုံတစ်ယောက်ကို မေ့သွားခဲ့တယ်။ အဲ့လိုနဲ့ တစ်နေ့ ဇာတ်လိုက်ရဲ့ မိဘတွေက သူတို့ မိတ်ဆွေရဲ့ သားနဲ့ ဇာတ်လိုက်ကို အိမ်ထောင်ချပေးဖို့ လုပ်ခဲ့တယ်။ အဲ့ကောင်လေးနံမည်က နန်ရှင်းဝမ် လို့ခေါ်တယ်။
YOU ARE READING
SYSTEM 08
Fantasyအရင် system 08က ပျက်သွားပါပြီ အဲ့လိုနဲ့ ဒါအသစ်ကလေးပါ reader လေးတွေ ဖတ်ကြဦးမယ်ထင်ပါတယ် အရင် system 08က ပျက်သွားပါပြီ အဲ့လိုနဲ့ ဒါအသစ်ကလေးပါ reader လေးတွေ ဖတ်ကြဦးမယ်ထင်ပါတယ်