Arc(1.3)

1.1K 160 10
                                    

နောက်ဆုံးတော့ သူ့ဆုတောင်းတွေ ပြည့်လာခဲ့ပြီ။ ဝေးးး ဒီနေ့က သူ့အသက် ၁၆နှစ် ပြည့်တဲ့နေ့။ ပြောရရင် သူအသက်ပြည့်ပြီပေါ့။ သူရယ်၊ ထန်ဖုန်းနဲ့ ပိုင်ဖန်းရွယ်(ဇာတ်လိုက်)က သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။ ဖန်ရှင်းရဲ့ ကျောင်းသားဘဝက ကောင်းကောင်းမွန်မွန်ပဲ ဖြတ်ကျော်ခဲ့ရတယ်။ ပညာရေးမှာလည်း ထူးချွန်တာကြောင့် သူပညာတော်သင်သွားခဲ့ရတယ်။ မူလဇာတ်ကြောင်းအတိုင်းပဲ သူမိဘတွေကလည်း အရေးတကြီး နိုင်ငံပြင်ပကို ခရီးသွားခဲ့ရတယ်။ ဒါပေမဲ့ သူက ထန်ဖုန်းနဲ့ ပိုင်ဖုန်းရွယ်ကိုတော့ အဆက်အသွယ်မဖြတ်ခဲ့ဘူး။

သူကနိုင်ငံခြားမှာ ပညာသင်ရင်းနဲ့ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့တယ်။ သူ့ရဲ့အရင်ကမ္ဘာမှာ သူ့ရဲ့မိဘတွေ ချန်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေမှာ ကုမ္ပဏီ အမြောက်အများပါဝင်သေးတယ်။ သူက ငယ်ငယ်လေးနဲ့ အဲ့ကုမ္ပဏီတွေကို အုပ်ချုပ်ဖို့ သင်ကြားခြင်းတွေကို ယူခဲ့ရတာကြောင့် စီးပွားရေးက သူ့အတွက်မစိမ်းပေ။ Fashion Company ထောင်လိုက်ပြီး SFလို့ အမည်ပေးထားသည်။ ခေတ်သစ်က ကျော်ကြားတဲ့ Designer တွေရဲ့ လက်ရာတွေကို သူက သတိရသေးတာကြောင့် အသုံးချလိုက်သည်။ သူ့ရဲ့ ကုမ္ပဏီက နံမည်ရလာသည်နှင့် သူလည်း ကုမ္ပဏီကို သူ့ရဲ့အနားကို စောင့်ရှောက်ဖို့ ထည့်ပေးလိုက်သည့် သူနှစ်ယောက်ကို ထိုကုမ္ပဏီကို ဦးစီးခိုင်းရသည်။ ထိုသူနှစ်ယောက်က ကျောက်နန်နဲ့ လင်းရှန်ဆိုတဲ့ ယောက်ျားလေးနဲ့ မိန်းကလေးဖြစ်သည်။

သူကတော့ ကျောင်းစာတွေကို ပြန်လေ့လာရတော့သည်။ သူက systemလေးရဲ့ အကူအညီတွေကြောင့် စာတွေကို မြန်မြန်ကျက်နိုင်ပြီး စာမေးပွဲမှာ အဆင့်ကောင်းနိုင်သည်။ ခိုးချဖို့လား? တွေးနေတဲ့ readerလေးတွေကို ပြောပြမယ်။ သူကအလုပ်တွေရှုပ်နေလို့ စာမကျက်နိုင်ဘူး။ စာမေးပွဲမှာ systemက ကူညီပေးမယ်ထင်ပြီး ကျွန်တော့်မှာ အရေးမလုပ်ပဲနေလိုက်မိတာ စာမေးပွဲလည်း ရောက်ကော စာကလည်းမရ systemကလည်း မပြောပြနိုင်ဘူး host အချောင်မရချင်နဲ့ ဆိုသောကြောင့် သူ့မှာ စာမေးပွဲလေးအောင်ဖို့ကို pointနဲ့ ဝယ်လိုက်ရတယ်။ ဒါပေမဲ့ သူက systemရဲ့ ကျေးဇူးကြောင့် အတန်းကျော်တက်နိုင်ခဲ့တယ်။ ဒါကြောင့် သူတက္ကသိုလ်အောင်သွားလို့ ပြန်လာခဲ့ကာ Aနိုင်ငံ ကုမ္ပဏီကိုတော့ ကျောက်နန်နဲ့ထားခဲ့ကာ လင်းရှန်ကို ပြန်ခေါ်လာခဲ့သည်။

SYSTEM  08Where stories live. Discover now