ထန်ဖုန်းငိုနေသောကြောင့် ရှင်းဖန်တိုက်သော အရာကို သောက်လိုက်မိကာ လူက ရီဝေဝေဖြစ်လာလေသည်။ သူမူးနေသော်လည်း နည်းနည်းသတိရှိသေးတာကြောင့် ယွဲ့ကော ရောက်နေတာကို အသံဖြင့် သိရှိလိုက်သည်။
ရှင်းယွဲ့ ရှင်းဖန်ခေါ်၍ လျင်မြန်စွာသွားလိုက်တော့ သူတို့ဝိုင်းမှာ ထန်ဖုန်းမှောက်နေတာကို တွေ့လိုက်ရသည်။ သူလည်း စိုးရိမ်သွားပြီး ရှင်းဖန်ကို မေးလိုက်သည်။
"ရှောင်ဖန် ဖုန်းအာ ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ"ဖန်ရှင်းက စိုးရိမ်နေသော လေသံနှင့်
"ကော ကျွန်တော်လည်း ဟိုဘက်ဝိုင်းဘက်ကို လှည့်ဧည့်ခံနေတာ ခဏလေးအတွင်းမှာ ပြန်လှည့်လာတော့ ထန်ဖုန်းက ဝိုင်သောက်ပြီးမူးနေပြီ။"ဆိုပြီး ပြောလိုက်သည်။"ရှောင်ဖန်က မသိဖူးဆိုတော့ အားရွှယ်ကရော"လို့ လှည့်ကာမေးလိုက်သည်။
ပိုင်ဖန်းရွယ် သူ့စီကို လှည့်လာတဲ့ မြားခေါင်းကြောင့် ရုပ်ကို စိုးရိမ်နေဟန် ဆောင်ကာ ရှင်းဖန်ကို စိတ်ထဲမှ ကျိန်ဆဲနေလိုက်သည်။
"အာ ကျွန်တော်လား..ကျွန်တော်က မုန့်သွားယူတာ အဲ့မှာ နည်းနည်းကြာနေတာနဲ့ ပြန်လာတော့ သူမူးနေတာတွေ့တော့ ကျွန်တော် ရှင်းဖန်ကို ခေါ်လိုက်တာ" လို့ စိုးရိမ်နေဟန်နဲ့ ပြောလိုက်သည်။ရှင်းယွဲ့ လျှောက်မတွေးတော့ဘဲ ထန်ဖုန်းကိုပွေ့ချီလိုက်ကာ သူ့အိပ်ခန်းထဲ ခေါ်သွားလိုက်သည်။ လမ်းမှာ ထူးဆန်းသလို ကြည့်နေကြပေမဲ့လည်း သူအရေးမလုပ်မိပေ။ သူအခန်းထဲရောက်တော့ ထန်ဖုန်းကို အိပ်ယာပေါ် တင်ပေပြီး သူထန်ဖုန်းရဲ့ အဝတ်အစားတွေကို ချွတ်ပေးဖို့ လက်လှမ်းလိုက်တော့ လက်မရဲဖြစ်မိသည်။ သူဘာတွေတွေးနေလဲ။ ထန်ဖုန်းက သူ့ညီလေးလိုမျိုး ချစ်တဲ့သူပါ။ ရှင်းယွဲ့ ထန်ဖုန်း အင်္ကျီတွေကို ချွတ်ဖို့ ပြင်လိုက်သော်လည်း အတွေးတွေလွန်ပြီး နားရွက်တွေ နီရဲလာလေသည်။
"အဆင်ပြေသွားမှာပါ"လို့ သူ့ကိုယ်သူအားပေးလိုက်ပြီး မျက်လုံးကို ပိတ်ကာ အဝတ်တွေကို ချွတ်ပေးဖို့ လက်လှမ်းလိုက်တော့ ထန်ဖုန်းက သူ့လက်ကို ဆွဲလိုက်တာကြောင့် ရှင်းယွဲ့ ထန်ဖုန်းရဲ့ ကိုယ်ပေါ်ကို အုပ်မိုးလိုက်သလိုဖြစ်သွားသည်။ ထိုအချိန် ထန်ဖုန်းက မျက်လုံး ဖွင့်လာတာကြောင့် ရှင်းယွဲ့လန့်သွားသည်။ ထန်ဖုန်းက ရှင်းယွဲ့ရဲ့ မျက်နှာကို ကိုင်ကာ စကားပြောလာသည်။
YOU ARE READING
SYSTEM 08
Fantasyအရင် system 08က ပျက်သွားပါပြီ အဲ့လိုနဲ့ ဒါအသစ်ကလေးပါ reader လေးတွေ ဖတ်ကြဦးမယ်ထင်ပါတယ် အရင် system 08က ပျက်သွားပါပြီ အဲ့လိုနဲ့ ဒါအသစ်ကလေးပါ reader လေးတွေ ဖတ်ကြဦးမယ်ထင်ပါတယ်