Arc (1.2)

1.1K 162 6
                                    

သူလည်း ရှင်းဖန် တက်တဲ့ကျောင်းကို သွားဖို့ ပြင်တော့တယ်။ သူရေချိုးခန်းက ထွက်လာတော့ ခုတင်ပေါ်က သူ့အစ်ကို ထုတ်ပေးခဲ့တဲ့ ကျောင်းဝတ်စုံကို ဝတ်ကာ အောက်ထပ်ကို ဆင်းလာခဲ့တယ်။ ထမင်းစားခန်းထဲက စားပွဲမှာ ရှင်းယွဲ့က ပေါင်မုန့်ကို ယိုသုပ်နေတယ်။ ရှင်းဖန်ကို မြင်တော့ ပြုံးပြကာ ပေါင်မုန့်ကို ပန်းကန်ပေါ်တင်လိုက်တယ်။
"ရှောင်းဖန်..လာ ကော မင်းအတွက် ပေါင်မုန့် ပြင်ပေးထားတယ်"
သူ ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး သူ့အစ်ကို ပြင်ထားတာတွေကို ငြိမ်ငြိမ်လေးစားနေလိုက်တယ်။
"ကော..ကျွန်တော့်ကို လိုက်ပို့မှာမလား"
"အင်းလေ ဘာလည်း ရှောင်းဖန်က ဒါရိုက်ဘာနဲ့ သွားမလို့လား"
"မဟုတ်ပါဘူး သိချင်လို့ပါ"
ထမင်းစားခန်းတွင် စကားသံများ တိတ်ဆိတ်သွားကာ ဇွန်းခရင်းသံများဖြင့် ပြည့်နှက်သွားသည်။ ထမင်းစားပြီးတော့ ကားပေါ်တက်ကာ ရှင်းဖန် တက်ခဲ့သော ကျောင်းကို သွားလိုက်သည်။ ကျောင်းရှေ့ကိုရောက်တော့ ကြည့်ရတာ သူဌေးသားသမီးတွေပဲ တက်နိုင်တဲ့ ကျောင်းမျိုးပဲ။ ရှင်းဖန်ရဲ့ မှတ်ဉာဏ်အရဆိုရင် အခုက ရှင်းဖန်က အသက် ၁၁ နှစ်ဆိုတော့ နောက်နှစ်မှ ဇာတ်လိုက်ပြောင်းလာမှာပဲ။ သူတော့ စောင့်ရတော့မှာပဲ system အစုတ်အပြတ်ကြောင့် သူ့မှာ ဒီကလေးတွေကြားပိတ်မိနေပြီ။ နဂိုကတည်းက လူက ကလေးဆို ဘယ်ကလေးမှ ကြည့်ရတာမဟုတ်ဘူး။
(ငါရှင်ချင်တယ်ဟေ့ တကယ်ပါပဲ)

သူလည်း တွေးရင်းနဲ့ လျှောက်လာတာ အခန်းရှေ့တောင်ရောက်နေပြီ။ ရှင်းဖန်က ကျောင်းမှာ စာတော်တဲ့ ကလေးတစ်ယောက်။ အတန်းမှာ ထိပ်ဆုံးအဆင့်ကို အမြဲရသည်။ သူလိုကလေးတစ်ယောက်က ကြီးလာရင် စောစီးစွာသေရမယ်လို့ ဘယ်သူက ထင်မိမှာလဲ။
သူအတန်းထဲကို ဝင်ပြီး သူထိုင်နေကျခုံမှာ ထိုင်ရင်း နဲ့ နောက်နှစ်မြန်မြန်ရောက်ပါစေလို့သာ စိတ်ထဲက ဆုတောင်းမိတယ်။ ထိုစဉ်
သူ့ဘေးကို လူတစ်ယောက်လာထိုင်တယ်။ ထိုသူက
"ရှင်းဖန်"
"အင်း.."
ရှင်းဖန်လည်း သူ့နံမည်ကိုခေါ်နေတာကြောင့် ထူးလိုက်ပြီး ဘေးကလူကို ကြည့်လိုက်တော့ ထန်ဖုန်း ဆိုတဲ့ ကလေး၊ ထိုကလေးက ရှင်းဖန်အပေါ်မှာ စိတ်ရင်းအတိုင်း ဆက်ဆံပေးခဲ့တယ်။ သူတို့က နိုင်ငံခြားကို ထွက်သွားကတည်းက မတွေ့ရတော့တာ။ ထန်ဖုန်းရဲ့ မိဘတွေက CTIရဲ့ ပိုင်ရှင်တွေ။ CTI က စားသောက်ကုန်တွေ ထုတ်လုပ်တယ်၊ စားသောက်ဆိုင်တွေလည်း အများအပြားပိုင်တယ်။ ဒီကောင်လေးရဲ့ အနာဂတ်ကတော့ တော်တော်လေးကောင်းတယ်။
"ငါနဲ့ သူငယ်ချင်းလုပ်မလား"ဟု ရှင်းဖန်ကိုမေးလိုက်သည်။
"ဟင်"ရှင်းဖန် ကြောင်သွားသည်။ ထန်ဖုန်းက ဆက်ဆံရေးကောင်းသည်မှာ မှန်သော်လည်း သူငယ်ချင်းမရှိပေ။ ဒီလိုလူက သူနဲ့ ဘာလို့ သူငယ်ချင်းဖြစ်ချင်တာလဲ။ အရင်ဘဝတုန်းကတောင် မဖြစ်ခဲ့ဘူး။

SYSTEM  08Where stories live. Discover now