Ch-5

4.8K 744 131
                                    

Unicode

နှစ်ယောက်သား ဆိုင်ထဲဝင်သွားပြီးတဲ့နောက်မှာ ပြတင်းပေါက်နားက စားပွဲဝိုင်းတစ်ခုမှာ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ကြတယ်။ မှာစရာရှိတာမှာပြီးတဲ့နောက် ကျွန်တော့်ရှေ့ကလူကို ကြည့်ဖို့မရဲတာကြောင့် ပြတင်းပေါက်ကနေ ဖြတ်မြင်နေရတဲ့ သစ်ပင်ကြီးကိုပဲ စိုက်ကြည့်နေမိတယ်။ တော်တော်ကိုးရို့ကားယားနိုင်တဲ့ အခြေအနေကြီးပဲ။ ကျွန်တော့်ရှေ့ကကျောက်ရုပ်ကြီးကလည်း ဘာအသံမှထွက်မလာတော့ ပိုပြီးအနေရခက်စရာတွေဖြစ်ကုန်တယ်။ ကျွန်တော်ဘက်ကပဲ တစ်ခုခုစပြောလိုက်ရင်ကောင်းမလား။ ဒါပေမဲ့ ဘာသွားပြောရမှာတုန်း။ ငါ့ဂန္ဓမာလေးက ပွတ်လို့ကောင်းလားလို့ သွားမေးရမှာလား။ ချီးးပဲ... ဒီလောက်အနေခက်ရတာမျိုးကြီး တစ်ခါမှမကြုံဖူးဘူး။

"ဒီနှစ်တွေမှာ အဆင်ပြေရဲ့လား? ကိုယ်သူငယ်ချင်းဟောင်းတွေနဲ့ ပြန်မဆုံဖြစ်တာတောင် အတော်ကြာပြီ၊ မင်းနဲ့လျန်ပင်းပင်းရော လက်ထပ်ပြီးကြပြီလား?"

သူမေးလိုက်တဲ့မေးခွန်းကြီးက ကျွန်တော့်ကိုပိုရှက်ရွံ့သွားစေတယ်။ ခင်ဗျားတို့သိအောင် ဇာတ်စုံခင်းပြရရင်တော့ လျန်ပင်းပင်းဆိုတာ အထက်တန်းတုန်းက ကျွန်တော်ကြီးလာရင်လက်ထပ်မယ်လို့ ကြွေးကြော်ထားခဲ့တဲ့ အတန်းဖော်ကောင်မလေးပဲ။ အဲဒီတုန်းက ကျွန်တော်လျန်ပင်းပင်းကိုကြိုက်တာ တစ်ကျောင်းလုံး မသိတဲ့လူကိုမရှိဘူး။ မုယွင်နဲ့လျန်ပင်းပင်းဆိုတာ အပ်နဲ့အပ်ချည်လိုပဲ တန်းလန်းတန်းလန်းနဲ့။ မုယွင်ကိုတွေ့ချင်ရင် လျန်ပင်းပင်းရှိတဲ့နေရာကိုသွားလို့တောင် စကားတွင်သွားသေးတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်ဆိုသည်မှာလည်း မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုနဲ့ပြည့်တဲ့ လူချောလေးတစ်ယောက်ဆိုတော့ နာမည်ပိုကြီးသွားတာပေါ့ဗျာ။

ဟောက်မင်ယွိခေါင်းထဲမှာ အဲ့အကြောင်းတွေ အခုချိန်ထိ ရှိနေဦးမယ်လို့တော့ ကျွန်တော်မမျှော်လင့်ထားခဲ့ဘူး။ ခုမှပြန်ဆုံတဲ့သူငယ်ချင်းဟောင်းကြီးကို ပထမဆုံးမေးတဲ့မေးခွန်းက ဒီကိစ္စအကြောင်းဖြစ်နေလိမ့်မယ်လို့ ပိုတောင်မမျှော်လင့်ထားသေးတယ်။ တကယ်တော့ လျန်ပင်းပင်းဆိုတာ ကျွန်တော့်ကို အချိန်အတော်ကြာ အသည်းကွဲလူသားဖြစ်စေခဲ့တဲ့ ကာယကံရှင်ကြီးပေါ့ဗျာ။ သူ့မင်္ဂလာဆောင်တုန်းကတောင် ကျွန်တော်စိတ်နာနာနဲ့ လက်ဖွဲ့မပေးဘဲ ရှိသမျှမုန့် အကုန်သွားစားပစ်ခဲ့သေးတယ်။ အခုတော့သူလည်း ကလေးနှစ်ယောက်အမေဖြစ်နေပါပြီ။ ကျွန်တော့်ရဲ့ ဆယ်ကျော်သက်အိပ်မက်ကလေးကလည်း အဲဒီလိုနဲ့ကွဲကြေသွားခဲ့ရတယ်ပေါ့ဗျာ။

အတန်းဖော်ဟောင်းကြီးက DRE Test စစ်ပေးလိုက်တယ်တဲ့Donde viven las historias. Descúbrelo ahora