အပိုင်း (၂)

18 3 0
                                    

ဇွဲထက်သည် စာတော်တယ် ဒါမဲ့ ဆင်းရဲတယ် ဦးလေး အိမ်မှာ ပဲ ကပ်နေရတယ်

သူ့မှာသူငယ်ချင်းဆိုလို့ မြတ်မင်းရယ် , ကောင်းခန့်ရယ် ပဲရှိတယ်

တစ်ခြားသူတွေက ဘယ်ပေါင်းကြမလဲ ဇွဲမာန်ကို သူ့ဦးလေးက မွေးစားထားတာဆိုတော့ တစ်ခြားသူတွေရဲ့ ကဲ့ရဲ့ခြင်းကိုလည်း သူ့မှာခံရတယ်

တစ်ခါက မြတ်မင်း နဲ့ကျောင်းတူတူ မလာတဲ့တစ်နေ့က (ပြောရရင်မြတ်မင်းနေမကောင်းခို့ ကျောင်းပျက်တဲ့ ရက်ကပေါ့)

ဇွဲမာန် ထိုင်နေတဲ့ ခုံရှေ့ ကျောင်းသားတစ်ယောက်ဝင်ထိုင်ကာ"အော် မွေးစားသားဆို     တော့ မွေးပြီးရင်စားတာပေါ့... နင်စာတော်လည်း ငါတို့က အထင်မကြီးဘူး.... ပိုက်ဆံမရှိဘဲ သူများ   အိမ် ကပ်နေပြီးတော့များ လူပါးဝလို့က တော့ ငါ့လက်သီးတွေ့တယ် မှတ်လား "
စာလုပ်ရင်းဇွဲမာန်က အေးဆေးတည်ငြိမ်တဲ့အကြည့်နဲ့ " မင်းကဒီအကြောင်းတွေလာပြောနေရအောင် ငါကမင်းကို ရန်စနေလို့လား "

ဟိုကျောင်းသားက ဇွဲမာန် နားကိုတိုးကာ "ငာ့မျက်လုံးထဲမင်းကိုထောင့်မကျိုးလို့ မင်းကျပ်ကျပ်သတိထား နေ"

အဲ့နောက်ပိုင်းကစပြီးဇွဲမာန် ဆရာမခိုင်းလို့ အပြင်တွေဘာတွေ တစ်ယောက်တည်းသွားရင်လည်းကျောင်းသားတစ်စု က နောက်ကနေ ဖမ်းချုပ်ပြီး  ထိုးနှပ်တာ ခံရတယ်

သူ့ မျက်နှာပေါ်က ထိုးခံထားရတဲ့ အညိုအမဲတွေကို သူငယ်ချင်းတွေ(မြတ်မင်းနဲ့ ကောင်းခန့်) မြင်မှာစိုးလို့ အမြဲ ခေါင်းငုံ့ပြီးပဲ နေတတ်တာ် တစ်ခါတစ်လေ စာအုပ်နဲ့ကာပြီး စာလုပ်ချင်ယောင်ဆောင်နေတယ်
နာကျင်မှုကို ကြိတ်မှိတ်ပြီးနေတယ်

Behind The SmileWhere stories live. Discover now