အပိုင်း(၄)

10 3 0
                                    

Sanday ( Holiday )

"ဟူး..ပြင်းလိုက်တာ စာလည်းမလုပ်ချင်တော့ဘူး အပြင်ထွက်အအေးသွားသောက်ရမယ်" စာလုပ်နေရင်းစိတ်ထဲကနေ မြတ်မင်း တွေးလိုက်တယ်

နောက် အအေးဆိုင်သွားရင်း
လမ်းအချိုးလေးနားရောက်တော့
"အား....တော်ပါတော့ ငါတောင်းပန်ပါတယ် ငါကိုသွားခွင့်ပေးပါ"
မြတ်မင်း အသံတစ်ခု ကြားလိုက်ရတယ်
သူအသံလာရာကြည့်လိုက်တော့ သူ့တစ်ကိုလုံးထူပူသွားတယ် သူ့ရဲ့ မျက်လုံးတွေနီရဲလာပြီးဒေါသ စိတ်တွေမထိန်းနိုင်တော့ကာ

" ခွပ်... "

"ဟမ်... မြတ်မင်း.. မင်းဘယ်..ဘယ်လိုရောက်လာတာလဲ.."  တအံတသြနဲ့ ဇွဲမာန်ပြောလိုက်တယ်
မြတ်မင်းထိုးလိုက်သောကြောင့် လဲကျသွားသောဝေယံ က.  "အော်.. သူငယ်ချင်းကြီးပါလား"

"မင်းလာတာနဲ့အတော်ပဲ...... ငါက ဇွဲကိုချစ်လို့ ကြည်ဆယ်တာပါ" ဝေယံက မြတ်မင်းနားတိုးပြီးတော့ ပြောလိုက်တယ်

" တောက်.... မင်းလိုကောင်ကများ....."
မြတ်မင်းပြောလည်းပြော ဝေယံ အကျီကော်လံကိုဆွဲကာထိုးဖို့ပြင်နေစဥ်  ဇွဲမာန်က လှမ်းတားကာ  " မ..မလုပ်ပါနဲ့  ရန်မဖြစ်ပါနဲ့ ငါ...ငါနဲ့ ကတိပေးထားတယ်လေ မင်း ငူ့ကိုထိုးလိုက်လို့လည်း ငါ့ဒဏ္်ရာတွေက ပျောက်မှာမဟုတ်ဘူး "

"ဒါ​ေပမယ့်.. မင်းခံရတာတွေအတွက်သူတို့ပြန်ပေးဆပ်ရမယ်."မြတ်မင်းပြောပြီးပြီးချင်း..ဝေယံ ကိုထိုးလိုက်တယ်

"ဇွဲ ဒီနေ့တော့မင်းလွှတ်သွားတယ်"ဝေယံ ကြိမ်းပြီးတော့ ထွက်ပြေးသွားတယ်.

"ပြစမ်း...မင်းဒဏ္်ရာတွေ... "မြတ်မင်း ပြောပြီး ဇွဲ မျက်နှာကိုလှမ်းကိုင်လိုက်တယ်

"ဘာမှ့မဖြစ်ဘူး...ငါကယောကျာ်းလေး...ခံနိုင်ရည်ရှိတယ်"ဇွဲပြောတော့ မြတ်မင်း ဂရုမစိုက်ဟန်ဖြင့်"ကျစ်... ဒဏ္်ရာတွေအများကြီးပဲ  လာ ငါဆေးထည့်ပေးမယ်"ပြောပြီး လက်ကိုဆွဲတော့ "မလိုက်ဘူး... ငါကယောကျာ်း ဒီလောက်ကတော့ မမှုဘူး.."ဇွဲ လက်ကိုမြတ်မင်းထံမှ့ရုန်းကာပြောလိုက်လေသည်

"ဇွဲ.. ငါကမင်းကိုစေတနာနဲ့ ပြောတာပါ... "မြတ်မင်းပန်ပြောတော့ဇွဲက " ရတယ်.. ဘာမှ့မဖြစ်ဘူး"

" အဲ့ဆို ငါအိမ်ပြန်လိုက်ပို.ပေးမယ်" မြတ်မင်းပြောလိုက်သည်

"အင်း"ဇွဲမှာ စိတ်မသက်မသာနဲ့ပြန်ပြောလေသည်.

ဒီလိုနဲ့ဇွဲအိမ်ရောက်တော့ "ပြန်တော့နော် ငါဝင်တော့မယ်..လမ်းမှာသဝေထိုးမနေနဲ့အုံး" ဇွဲက အိမ်ခြံရှေ့မှာပြောလိုက်တော့ မြတ်မင်းက. "အင်းပါ...... တာ့တာ ဝင်တော့ "

ဇွဲ အိမ်ထဲသင်တဲ့အထိ မြတ်မင်းစောင့်ပြီး ပြန်လာခဲ့သည်
အိမ်ကိုပြန်တာမဟုတ်.. ဝေယံတို့နဲ့ သွားတွေ့ခြင်းပင်

မြတ်မင်းလာတာ ဝေယံတွေ့တော့ ငူ့အဖွဲ့ကိုလှမ်းခေါ်ကာ"ဘာ ကိစ္စ များရှိလို့ပါလဲ " ဝေယံ ရွဲ့မေးလိုက်တော့.. မြတ်မင်းက "မင်းနဲ့စာရင်းလာရှင်းတာ"
ဝေယံ မချီတင်ကဲ ပြုံးလိုက်ပြီး"မင်းနဲ့ ငါ့ကြား.စာရင်းရှင်းစရာရှိလို့လား"

"မင်းဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ နောက်တစ်ခါ ဇွဲ ကိုထိရင် မင်းတို့ကိုအ​တေ်ပစ်မယ်"မြတ်မင်းဒေါသများက သူ့စိတ်ကိုလွှမ်းမိုးကာပြောရင်းဆိုရင်းမြတ်မင်းနဲ့ဝေယံတို့ ရန်ပဲဲဖစ်ကြပါလေရော

မြတ်မင်းကနွေရာသီတုန်းက တိုက်ကွန်တို သင်ထားတဲ့အတွက်ဝေယံတို့အဖွဲ့ကို ခနလေးနဲ့ အလဲထိုးနိုင်တယ်
"နောက်တစ်ခါနှောက်ယှက်ရင် မင်းတို့တစ်ဖွဲ့လုံးအမှုန့်မှုန့် အညက်ညက်ကြေစေရမယ်"
မြတ်မင်း ကြိမ်းပြီး အိမ်ကိုပြန်လာခဲ့လေတယ်

Behind The SmileWhere stories live. Discover now