တစ်နေ့တော့ မြတ်မင်းက ဇွဲမာန် မျက်နှာပေါ်က ဒဏ္် ရာ တွေတွေ့သွားတယ်
ချက်ချင်း စာ လုပ်ရင်း ရပ်ကာဇွဲမာန် မျက်နှာကို လက်နဲ့ကိုင်ပြီးဒေါသစိတ်တွေ စိုးရိမ်စိတ်တွေနဲ့." ဒါ ဘယ်လိုဖြစ်တာလဲ.. ဇွဲ ဘယ်တုန်း ကဒီ ဒဏ္် ရာတွေရတာလဲ မင်းကိုဘယ်သူလုပ်တာလဲ "
စိုးရိမ်သောမျက်ဝန်းတစ်စုံနဲ့ ဇွဲမာန်ပြန်ကြည့်ကာထစ်ထစ်အအ နှင့် "ဘာ..ဘာမှ့မဖြစ်ပါဘူးကွာ..ဒီ..ဒီတိုင်း ချောလဲလို့ ဒဏ္်ရာရတာပါကွ"
" ဇွဲ...ငါ့ကိုမလိမ်စမ်းနဲ့မင်းမလိမ်တတ်ပဲနဲ့ လိမ်မနေပါနဲ့ ငါ့ကို အမှန်အတိုင်းပြော အေး..မပြောဘူးဆိုရင် နင့်ကိုအဲ့လိုဖြစ်အောင်လုပ်ခဲ့တဲ့ကောင်တွေ ဒီ ထက်ပိုနာမယ် " ကြောက်မက်ဖွယ် မျက်လုံးများနဲ့ပြောလိုက်သော မြတ်မင်းကြောင့် ဇွဲမာန်မှာရင်တထိတ်ထိတ်နဲ့ " မင်းကလည်းကွာ ငါ ကယောကျ်ားလေးပဲ ဘာမှ.."
စကားတောင်မဆုံးသေး မြတ်မင်းက "ယောကျ်ားလေးဆိုဘာလို့ ပြန်မလုပ်ခဲ့တာလဲ မင်းမှာလက်မပါဘူးလား ကျောင်းအုပ်နဲ့ သွားတိုင် ရတာပဲ ဘာကြောင့် ငြိမ်ခံနေရတာလဲ"
ဇွဲမာန် မျက်နှာလေးပြန်ငုတ်သွားကာ"ငါက ပြဿနာတွေ မဖြသ်ချင်လို့ ဒီတိုင်းထားလိုက်တာပါ အခုလည်းငါဘာမှ့မှ့မဖြစ်တာ "
"မင်း ဝေ့လည်ကြောက်ဘက် လုပ်မနေနဲ့ ပြော ဘယ်သူတွေလုပ်တာလဲ"မြတ်မင်း ဒေါသတွေ အထွဋ္ဌ်အထိပ်ရောက်လာပြီ
ဇွဲမာန်ခမျာလည်း"ငါပြောရင် မင်းသူတို့ကိုဘာမှ့မလုပ်ရဘူး ဟုတ်ပြီလား အဲ့ကတ်တည်မှ့ပြောပြမယ်"
မြတ်မင်းက သိပြီးရော နောင်လာနောင်ရှင်းမယ်ဆိုပြီး" မင်း ပြီးကော ငါဘာမှ့မလုပ်ဘူး ပြောပြချည်တော့"
"ဟူး..တကယ်တော့ အဲ့တာ ဝေ..ဝေယံတို့ အုပ်စုလုပ်တာ. "
"ဘာ အဲ့ကောင်တွေက တောက်..ငါနဲ့တွေ့မယ်"မြတ်မင်းသွားမလို့လုပ်တုန်း ဇွဲမာန်လှမ်းဆွဲကာ"မင်းပဲ ဘာမှ့မလုပ်ဘူးလို့ပြောထာူတယ်လေ ကတိဖျက်တဲ့လူတွေကိုငါမုန်းတယ် မြတ်မင်း"
မြတ်မင်းစိတ်လျော့ပြီး အပြင်မှာတော့ "အေး ပါကွာ ငါဘာမှ့မလုပ်တော့ပါဘူး" စိတ်ထဲမှာတော့ " မင်းတို့တွေနေနှင့်အုံးပေါ့ မြတ်မင်ူ အကြေညင်းကောင်းကောင်းသိစေရမယ်"အမှားပါသွားရင်တောင်းပန်ပါတယ်