တဖြည်းဖြည်း ရက်တွေကုန်ဆုံးလာကာ ၈တန်းနှစ်ဆုံးစာမေးပွဲကိုတောင်ရောက်လာလေပြီ
မြတ်မင်းတစ်ယောက်စာမေးပွဲကိုစိတ်မပူပဲ သူ့ရင်ထဲတွင်တစ်စုံတစ်ရာအတွက် စိတ်ပူနေလေသည်
"မင်းရဲ့ ပျော့ပျောင်းလှတဲ့ဆံသားလေးတွေ
သမင်ရောင်မျက်ဝန်းထက်မှာ ကော့စင်းနေတဲ့မျက်တောင်လေးတွေ
ပြေပြစ်လှတဲ့ ပန်းနုရောင် နှာခမ်းပါးလေး
မင်းရယ်လိုက်ရင် မင်းရဲ့ အပြုံးလေးတွေက ငါ့
ကိုဆွဲဆောင်နေတယ် ဇွဲ ငါမင်းကိုချစ်မိနေပြီ "မုန့်စားကျောင်းဆင်းချိန်တွင်
"ဇွဲ... "
"ပြောလေ..မြတ်မင်း "
"မင်း...၉ တန်းရောက်ရင် ကျောင်းပြောက်းမယ်လို့ပြောတယ်နော်."
"အင်း ဟူတ်တယ်လေ"
"မပြောင်းပါနဲ့လား... ငါနဲ့ပဲ ဒီကျောင်းပြန်တတ်ပါလား.....မင်း ကိုငါ..." ပြောဖို့ တွန့်ဆုတ်နေလေရဲ့
ဇွဲ စိတ်မရှည်ဟန်နဲ့ "ပြောလေ မုန့်စားကျောက်းတောင်တတ်တော့မယ် မြန်မြန်ပြောချည်""ဟို မင်းကိုငါ.ချစ်...ချစ်တယ်.. ဇွဲ ငါ့ကိုစတ်မဆိုးပါနဲ့ကွာ... မင်းကျောင်းပြောင်းရင် ကာနဲ့တွေ့ရတော့မှာ မဟုတ်ဘူး အဲ့ကြောင့်ငါအခု့ပြောမှ့ဖြစ်တော့မယ်ထင်လို့.. ငါ..ငါပြောလိုက်မိတာပါ ကွာ..."မြတ်မင်းစကားကြားတော့ဇွဲက အေးဆေးတည်ငြိမ်စွာနဲ့ပဲ
"ဒီအကြောင်းကို မတွေးပါနဲ့အုံးလား မြတ်မင်း.. ငါတို့က ဒီအကြောင်းတွေးဖို့ ငယ်ပါသေးတယ်..ငါကျောင်းပြောင်းတာကလည်း အိမ်ပြောင်းတာမှ့မဟုတ်တာ လာတွေ့လို့ရတာပဲ "
"ဒါမဲ့ ငါ မင်းကိုဆုံးရှုံးသွားမှာကြောက်တယ် ဇွဲ..."မြတ်မင်းဝင်ပြောလိူက်တော့ ဇွဲက"ငါကဘာတွေလုပ်နေလို့ မင်းက ဆုံးရှုံးရမှာလဲ.. တော်ပြီကွာ.. စာမေးပွဲကိုပဲ အာရုံစိုက်ထား ဒီအကြောင်းထက်ပြောရင် မင်းကို ငါမခေါ်တော့ဘူး.."