Chapter 6:One Day We Will Meet...

503 84 30
                                    

[Unicode]
“One Day We Will Meet-တစ်နေ့
မှာ တို့‌တွေ တွေ့လိမ့်မယ်"

Six Months Ago
(လွန်ခဲ့သော ခြောက်လခန့်က)......

တော်ဝန်နန်းမြို့‌တော်၏ လမ်းမကြီး
ပေါ်ဝယ် အဖြူရောင်ပိုးထည်စနှင့်
ငွေဖြူရောင်ပုလဲလုံးလေးများ
အလှဆင်ထားသော ရထားလုံးလေးမှာ
တချွန်ချွန်မြည်လျှက် အရှိန်အဟုန်ပြင်းစွာ
ပြေးဆွဲနေလေ၏။
မိုးစင်စင်မလင်း‌သေး၍ ပတ်ဝန်းကျင်မှာ အနည်းငယ်မှောင်နေသော်လည်း
ထိုရထားလုံးမှာ မီးအိမ်နှင့် လရောင်
ကို အမှီပြုလျှက် ပြေးဆွဲမှုကို
အရှိန်နှောင့်နှေးသွားခြင်းမရှိခဲ့ပေ။

ရှစ်ချင်းရွှမ် ရထားလုံးရဲ့ဘေးမှာ
တပ်ဆင်ထားတဲ့ အဖြူရောင်ပိုးထည်စ
လေးကို မ,လျက် နောက်တွင် တရိပ်ရိပ်
ကျန်နေခဲ့သော မြင်ကွင်းများကို ကြည့်
နေမိသည်။သူ့ဘဝမှာ ဒီလို ရင်းနှီးခဲ့ဖူးတဲ့
အရာတွေကို ချန်ထားခဲ့ရတာတွေ
များလွန်းခဲ့လေပြီ။ ထိုသို့များလွန်းခဲ့
သဖြင့် သူ၏လက်ထဲ မြဲမြဲဆုပ်ကိုင်
ထားခဲ့‌သော နောက်ဆုံးအရာက
ဘယ်အရာမှန်း သူ မမှတ်မိတော့ပေ။

တစ်‌ခုပြီးတစ်ခုကို သူ ချန်ထားရစ်ခဲ့ရသည်။
အဲ့လိုပဲ သူ့ကို တစ်ယောက်ပြီးတစ်ယောက်
က ချန်ထားခဲ့ကြသည်။နှုတ်ဆက်သွားခဲ့ကြ
သည်။ထိုသို့ နှုတ်ဆက်သွားသည့် အချိန်တိုင်း
လည်း ဘယ်သောအခါမှ ကောင်းသော
နှုတ်ဆက်ခြင်းမဟုတ်ခဲ့......။
ပထမဆုံး သူ့ရဲ့ အစ်ကိုကြီး....။
သူ့ဘဝထဲက အပြီးအပိုင်ထွက်သွားရုံ
သာမက သေခြင်းတရားကိုလည်း အဖော်
ပြုသွားခဲ့ပြီး လောကအလယ်တွင်
သူ့ကို တစ်ယောက်တည်း ချန်ထားရစ်
ခဲ့သည်။ နောက်ပြီး မင်ရှုန်း ....။
သူသည်လည်း အသက်ရှင်နေသေးပေမဲ့
အဆုံးမရှိတဲ့ အမုန်းတရားများအလယ်တွင်
သူ့ကို ချန်ထားခဲ့၏။ ဘဝတစ်လျောက်လုံး
ဘယ်သောအခါမှ ပြန်မဆုံနိုင်သော
ဝေးကွာခြင်းများနဲ့ ထာရစ်ခဲ့၏...။

အဆုံးစွန်ထိ ဝေးရာကို သွားတော့
မှာမို့ ဒီတစ်ခါတော့ ငါကပဲ မင်းကို
ချန်ထားခဲ့ပါရစေ....မင်ရှုန်း.......

ရှစ်ချင်းရွှမ် သက်ပြင်းသဲ့သဲ့လေး
ချလိုက်ရင်း လမ်းတစ်လျောက်တွင်ရှိတဲ့
သူနဲ့ရင်းနှီးခဲ့ဖူးတဲ့ တော်ဝန်နန်းမြို့တော်ရဲ့
အငွေ့အသက်များကို နောက်ဆုံးအနေနဲ့
နှုတ်ဆက်လိုက်သည်။

"2×Xuan"《Both Zawgyi & Unicode》Donde viven las historias. Descúbrelo ahora