Chapter 4: Wind Master Leaving The Royal Capital.

506 92 11
                                    

[Unicode]
️"Wind Master Leaving
The Royal Capital _ လေနတ်အရှင်
က တော်ဝန်နန်းမြို့တော်မှ ထွက်ခွာခြင်း"☀️

တော်ဝန်နန်းမြို့တော်၏ ယနေ့ညသည် ခါတိုင်းနေ့
များနှင့်မတူဘဲ၊ အနည်းငယ်ပို၍ မှောင်နေလျက် ရှိ
သည်။ စုတ်ချာနေသော ယိုင်နဲ့နဲ့ နတ်ကွန်းအပြင်ရှိ
သူဖုန်းစားတစ်သိုက်မှာ မီးအိမ်မထွန်းနိုင်သဖြင့် လ
ရောင်၏ အလင်းရောင်သဲ့သဲ့လေးကိုသာ အမှီပြု
နေကြရသည်။ ထိုအလင်းရောင်ကြောင့်သာ မဟုတ်
လျှင် နတ်ကွန်းထဲရှိ လူများမှာ ဘာကိုမှ သဲသဲကွဲကွဲ မြင်နိုင်ကြမည်မဟုတ်ပေ။

ရှစ်ချင်းရွှမ်းတစ်ယောက် အနည်းငယ် လရောင်ရ
သော နတ်ကွန်းလေး၏ ထောင့်တစ်နေရာတွင် သူ၏ ဒူးနှစ်ဖက်ကို လက်နဲ့သိုင်းဖက်ထားလျက်၊ ကျုံ့ကျုံ့
လေးထိုင်လို့ နေသည်။ သူ၏ ဘေးတွင် သူဖုန်းစား
နှစ်ဦးမှာလည်း ငေးငိုင်စွာ ထိုင်နေပြီး၊ ရှစ်ချင်းရွှမ်း
အား ဝမ်းနည်းစွာ ပြောလိုက်သည်။

ဖုန်ယဲ့ :"လောင်ဖုန်းရာ မသွားပါနဲ့....ဒီမှာက တို့တွေ
ရှိပေမဲ့ အဲ့ဒီမှာ ဘယ်လိုလူတွေ ရှိမယ်မှန်း မသိဘူး"

ဖုန်ချွဲ့ :"ဟုတ်တယ်...အားဖုန်း မသွားနဲ့၊ ဒီမှာလည်း
ရတဲ့ အစားအစာတွေကို အတူတူဝေမျှစားရင် အ
ဆင်ပြေနေတာပဲဟာ.."

ချင်းရွှမ် :"......"

ဖုန်ယဲ့ : "ဖြန်း..."

သူတို့၏ စကားပြောသော အသံမှာ တိုးညှင်းလှ
သော်လည်း ၊ "ဖြန်း"ခနဲ ရိုက်သံကမူ လူအများ၏
ခဏတာ အာရုံစိုက်မှုကို ခံလိုက်ရသည်။

"အိုက်ရိုးးးမင်း ငါ့ခေါင်းကို ဘာလို့ ရိုက်တာလဲ...?"

အရိုက်ခံလိုက်ရသော ဖုန်ချွဲ့မှာ သူ၏ ခေါင်းလေးကို
လက်နှင့် အကြိမ်များစွာပွတ်သပ်လျက်၊ မကျေမနပ်
ဆိုလာလေသည်။

သူဖုန်းစားအစ်ကိုလည်း တခြားသူများ ကြားသွား
စိုးသောကြောင့် နား,နားကပ်ကာ လေသံ တိုးတိုး
လေးဖြင့် ....

"လောင်ဖုန်းက အစားအစာကြောင့် သွားမှာလို့ ထင်နေသလား...ချီထုတ်ရဲ့? "

"2×Xuan"《Both Zawgyi & Unicode》Hikayelerin yaşadığı yer. Şimdi keşfedin